ပရိသတ်ကြီးရေ ပရိသတ်တွေ သုသုလို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ညီညီမောင် (စမ်းချောင်း)ကတော့ မိတ်ကပ်ပညာရှင် တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာရှင်တစ်ယောက် အနေနဲ့လည်း သုကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးခဲ့ပါသေးတယ်။

လတ်တလောမှာတော့ သုသုက မိတ်ကပ်ပညာရပ်နဲံသာအသက်မွေးဝမ်းကြောင်းပြုနေခဲ့ပြီး အလုပ်ကနေရတဲ့သူ့ရဲ့ ချွေးနည်းစာငွေတွေနဲ့ ကောင်းမှုတွေပြုလုပ်ပြီး အေးချမ်းစွာဖြတ်သန်းနေခဲ့ပါတယ်။ မနေ့ကလည်း သုသုကတော့ ဝါဆိုလ ဖြစ်တာနဲ့အညီ ဝါဆိုသင်္ကန်းကပ်အလှူလေးပြုလုပ်ခဲ့ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

သုသုကတော့ သူ့ရဲ့မွန်မြတ်လှတဲ့ ဝါဆိုသင်္ကန်းကပ်အလှူလေးရဲ့ ကောင်းမှုအဖို့ဘာဂတွေကို တွေ့မြင်ကြားသိသူတွေ အားလုံးထပ်တူရရှိစေဖို့ မျှဝေပေးထားခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ သုသုရဲ့ ဝါဆိုသင်္ကန်းကပ်အလှူလေး ကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Nyi Nyi Maung
Credit – CeleGabar

zawgyi




Source – Nyi Nyi Maung
Credit – CeleGabar