



Credit

ပရိသတ်ကြီးရေ အနုပညာရှင်တွေထဲမှာ ကလေးလေးတွေနဲ့အတူ ပျော်ရွှင်စရာမိသားစုလေးပိုင်ဆိုင်ထားတာကတော့ နန်းမြတ်ဖြိုးသင်းတို့မိသားစုလေးလည်းအပါအဝင်ဖြစ်ပါတယ်။သူတို့မိသားစုလေးရဲ့ပျော်ရွှင်စရာပုံရိပ်လေးတွေကြောင့် ပရိသတ်တွေလည်း အမြဲအားကျနေရတာပါ။သူတို့ပျော်ရွှင်စရာ မိသားစုလေးဟာ လွန်ခဲ့တဲ့ လပိုင်းအတွင်းက ကိုဗစ်ဒဏ်ကြောင့် သူတို့ရဲ့ဖခင်ကိုဆုံးရှုံးလိုက်ရတာပါ။

ခင်ပွန်းဖြစ်သူဆုံးရှုံးလိုက်ရပေမယ့် သားသမီးတွေအတွက် အားတင်းပြီး မိခင်ကောင်းတစ်​ယောက်ဖြစ်ဖို့ရပ်တည်နေတာဖြစ်ပါတယ်။သားလေးသမီးလေးရဲ့ video vlog လေးတွေကိုလည်း လူမှုကွန်ရက်ကနေပရိသတ်တွေကတင်ပေးလေ့ရှိတာပါ။ဖခင်မရှိတော့ပေမယ့်လည်း ကျန်ရှိနေတဲ့သားလေးသမီးလေးတွေကို မျက်နှာမ ငယ်အောင် ရေကူးကန်လိုက်ပို့ပေးခဲ့တာပါ။

မကြာသေးခင်က နန်းမြတ်ဖြိုးသင်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် သမီးငယ်လေးကို မွေးဖွားစဉ်ကကြုံတွေ့ခဲ့ရတဲ့အမှတ်တရလေးတစ်ခုကို ထုတ်ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ “ဂျူဂျူးလေးအကြောင်းအမှတ်တရပြောပြရရင် … ဂျူးလေးကဟိုဘက်အမျိုးဒီဘက်အမျိုးနှစ်ဖက်လုံးမှာအငယ်ဆုံးလေးလေ … အားလုံးက အရမ်းချစ်ကြတယ် …

ဂျူးလေးကိုခက်ခဲတဲ့ခေတ်ကာလကြီးမှာမွေးခဲ့ရပေမယ့် သူ့အတွက်ရည်ရွယ်ပီးလုပ်ရင်အရာရာကလွယ်ကူတတ်တယ်။ သူကစိတ်ကြီးတယ်၊ စွာတယ်၊ သူသည်းခံတာဆိုလို့သူ့အကိုပဲရှိတယ် … ကျန်တဲ့လူတွေကိုဆိုပြန်ပြန်လုပ်တာ ဂျူးလေးကလောကဓံကြီးကိုရဲရဲရင်ဆိုင်ပီးမာကျောတဲ့မိန်းကလေးတစ်ယောက်ဖြစ်လာမယ်လို့ နန်းမြတ်ကတော့ ခန့်မှန်းမိတယ်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Credit