Source: Singapore’s Ice-Cream Sandwich’s fb
မင်းသားချော ပိုင်တံခွန်ကတော့ လူငယ်တစ်ယောက်ပီပီ အမိုက်စားတက်တူးတွေနဲ့ ပေါ့ပေါ့ပါးပါးရှိတဲ့ စတိုင်လ်တွေကြောင့် ပြည်တွင်းပြည်ပအထိ ထိုးဖောက်အောင်မြင်နေတာပဲဖြစ်ပါတယ်..။ ပိုင်တံခွန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကပဲ (၅၀၅) က အမှုနဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံခဲ့ရပေမယ့် ပြီးခဲ့တဲ့မတ်လ (၂) ရက်နေ့ကပဲ လွတ်ငြိမ်းချမ်း သာခွင့်နဲ့ လွတ်မြောက်လာခဲ့ပြီပဲဖြစ်ပါတယ်..။
ပရိသတ်တွေက ပိုင်တံခွန်ကို သတိရနေကြသလို ပိုင်တံခွန်ကလည်း လပေါင်းများစွာခွဲခွာနေရတဲ့ ပရိသတ်တွေကို လွမ်းဆွတ်သတိရနေတယ်ဆိုတာ သေချာပါတယ်..။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ပိုင်တံခွန်က သူပိုင်ဆိုင်တဲ့ Singapore’s Ice-Cream Sandwich ပေ့ချ်လေးကနေပြီး “အားလုံးပဲ နေကောင်းကြရဲ့လား ? အစစအရာရာ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် ခင်ဗျ..။
အချိန်တိုင်းမှာ ကျွန်တော့်ကို အားပေးချစ်ခင်ကြသူ ညီကိုမောင်နှမတွေအားလုံးကို အထူးပဲကျေးဇူးတင်ရှိကြောင်း ဒီပို့စ်လေးနဲ့ ပြောပါရစေ ခင်ဗျာ ❤️” ဆိုပြီး ပထမဦးဆုံးအကြိမ်နှုတ်ဆက်လာခဲ့ပါတယ်..။ ပိုင်တံခွန်ကတော့ လပေါင်းများစွာဝေးကွာနေတဲ့ ပရိသတ်တွေကို ပထမဦးဆုံးအကြိမ်နှုတ်ဆက်စကားပြောလာခဲ့ပြီး အချိန်တိုင်း အားပေးချစ် ခင်ကြသူတွေကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောလာခဲ့တာပဲဖြစ်ပါတယ်..။
Credit ; Myanmar Celebrities