ပရိသတ်တွေချစ်ကြတဲ့ သရုပ်ဆောင်နန်းမြတ်ဖြိုးသင် းက သာယာအေးချမ်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ အိမ်ထောင်သက် (၄) နှစ်အကြာမှာ ခင်ပွန်းဖြစ်သူနဲ့ သေကွဲကွဲခဲ့ရတာဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်း ဟာ ခင်ပွန်းဖြစ်သူကို သတိရတဲ့စိတ်နဲ့ရှင်သန်ရင်း တစ်ဖက်မှာလည်း သားနဲ့သမီးအတွက် အကောင်းဆုံးကြိုးစားရပ်တည်နေတာပဲဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူကို လွမ်းဆွတ်သတိရကြောင်းကို မကြာခဏရင်ဖွင့်လေ့ရှိတဲ့ နန်းမြတ်ဖြိုးသင်းက ဒီကနေ့ ဇူလိုင်လ (၂၁) ရက်နေ့ကတော့ သူမရဲ့ခင်ပွန်း ကွယ်လွန်ခြင်း (၁၁) လပြည့်နေ့ပဲဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းက သူမရဲ့ ခင်ပွန်း မကွယ်လွန်ခင် နောက်ဆုံးအချိန်က ဓာတ်ပုံလေးကို ပြသရင်း “၁၁လတောင်ရှိပီတဲ့လား။ ဆေးရုံတက်ရက်ကြာတော့ အပ်တွေတပေါက်ပီးတပေါက်ဖောက်ရလို့သနားလွန်းလို့ ရိုက်ထားမိတဲ့ပုံ.. ခုတော့အမှတ်တရပေါ့။ ကောင်းတဲ့နေရာမှာအဆင်ပြေနေမယ် လို့ယုံပါတယ်” ဆိုပြီး အမှတ်တရပြောလာပါတယ်။

အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ယောက် စောစီးစွာနဲ့ သေကွဲကွဲရအတွက် ခုချိန်ထိစိတ်မကောင်းဖြစ်ရပါတယ်နော်။ခင်ပွန်းဖြစ်သူ ကို စောစောစီးစီးဆုံးရှုံးလိုက်ရပေမယ့် စိတ်ဓာတ်ကြံ့ခိုင်တဲ့ နန်းမြတ်က သားနဲ့သမီးကို အကောင်းဆုံးပြုစု ပျိုးထောင်နေတာပဲဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်းလည်း မိသားစုတွေပြုပေးသမျှ ကုသိုလ်ကြောင့် ကောင်းရာဘုံဘဝကို ရောက်ရှိနေလောက်ပြီထင်ပါတယ်နော်။

Source: Nann Myat Phyo Thinn ‘s fb

Credit

zawgyi

ပရိသတ္ေတြခ်စ္ၾကတဲ့ သ႐ုပ္ေဆာင္နန္းျမတ္ၿဖိဳးသင္ းက သာယာေအးခ်မ္းတဲ့ မိသားစု ဘဝေလးကို ပိုင္ဆိုင္ခဲ့ေပမယ့္ ကံမေကာင္းစြာနဲ႔ပဲ အိမ္ေထာင္သက္ (၄) ႏွစ္အၾကာမွာ ခင္ပြန္းျဖစ္သူနဲ႔ ေသကြဲကြဲခဲ့ရတာျဖစ္ပါတယ္။ နန္းျမတ္ၿဖိဳးသင္း ဟာ ခင္ပြန္းျဖစ္သူကို သတိရတဲ့စိတ္နဲ႔ရွင္သန္ရင္း တစ္ဖက္မွာလည္း သားနဲ႔သမီးအတြက္ အေကာင္းဆုံးႀကိဳးစားရပ္တည္ေနတာပဲျဖစ္ပါတယ္။

ခင္ပြန္းျဖစ္သူကို လြမ္းဆြတ္သတိရေၾကာင္းကို မၾကာခဏရင္ဖြင့္ေလ့ရွိတဲ့ နန္းျမတ္ၿဖိဳးသင္းက ဒီကေန႔ ဇူလိုင္လ (၂၁) ရက္ေန႔ကေတာ့ သူမရဲ့ခင္ပြန္း ကြယ္လြန္ျခင္း (၁၁) လျပည့္ေန႔ပဲျဖစ္ပါတယ္။ နန္းျမတ္ၿဖိဳးသင္းက သူမရဲ့ ခင္ပြန္း မကြယ္လြန္ခင္ ေနာက္ဆုံးအခ်ိန္က ဓာတ္ပုံေလးကို ျပသရင္း “၁၁လေတာင္ရွိပီတဲ့လား။ ေဆး႐ုံတက္ရက္ၾကာေတာ့ အပ္ေတြတေပါက္ပီးတေပါက္ေဖာက္ရလို႔သနားလြန္းလို႔ ရိုက္ထားမိတဲ့ပုံ.. ခုေတာ့အမွတ္တရေပါ့။ ေကာင္းတဲ့ေနရာမွာအဆင္ေျပေနမယ္ လို႔ယုံပါတယ္” ဆိုၿပီး အမွတ္တရေျပာလာပါတယ္။

အရမ္းခ်စ္ၾကတဲ့ ဇနီးေမာင္ႏွံႏွစ္ေယာက္ ေစာစီးစြာနဲ႔ ေသကြဲကြဲရအတြက္ ခုခ်ိန္ထိစိတ္မေကာင္းျဖစ္ရပါတယ္ေနာ္။ခင္ပြန္းျဖစ္သူ ကို ေစာေစာစီးစီးဆုံးရႈံးလိုက္ရေပမယ့္ စိတ္ဓာတ္ႀကံ့ခိုင္တဲ့ နန္းျမတ္က သားနဲ႔သမီးကို အေကာင္းဆုံးျပဳစု ပ်ိဳးေထာင္ေနတာပဲျဖစ္ပါတယ္။ နန္းျမတ္ၿဖိဳးသင္းရဲ့ ခင္ပြန္းလည္း မိသားစုေတြျပဳေပးသမၽွ ကုသိုလ္ေၾကာင့္ ေကာင္းရာဘုံဘဝကို ေရာက္ရွိေနေလာက္ၿပီထင္ပါတယ္ေနာ္။

Source: Nann Myat Phyo Thinn ‘s fb

Credit