ပရိသတ်ကြီးရေ မေနွယ်ထွန်းကတော့ပွင့်လင်းဖော်ရွေကာ တစ်ဖက်သားအပေါ်အမြဲကူညီ ချင်စိတ်အပြည့်ရှိတဲ့ အနုပညာရှင်တွေထဲ ကတစ်ဦးလို့ပဲဆိုရမှာပါ။ဇာတ်လမ်းတွဲတချို့မှာပါဝင်ခဲ့ပြီးနောက်အခုနောက်ပိုင်းမှာlive saleတွေမှာလည်း နာမည်ကြီးတဲ့ အနုပညာရှင် တွေထဲကတစ်ယောက်ပါ။
Single Motherဖြစ်ပေမယ့် ဘဝကိုကြိုးစားကာ သားလေးနဲ့အတူ အေးချမ်းပျော်ရွှင်စွ ာဖြတ်သန်းလျက်ရှိတာပါ။အပြင်အလှူအတန်းတွေကိုလည်းရရင်ရသလို ကိုယ်တိုင်သွားရောက်လှူဒါန်းတဲ့အပြင် သူမရဲ့အကောင့်နဲ့Pageတွေမှာ လာရောက်အကူအညီ တောင်းခံတဲ့ သူတွေကို သူမအနေနဲ့ တတ်နိုင်သလောက်အမြဲတမ်းကူညီဖေးမလေ့ရှိတဲ့သူတစ်ယောက်ပါ။
လက်ရှိမှာလည်း”အဲ့အန်တီရဲ့ အိမ်လေး မိုးလုံလေလုံဖြစ်သွားပြီသူ့က​လေးတွေလဲ လွယ်အိတ်ဝယ်ပေးနိုင်သွားပြီမို့ ဆွိနဲ့အတူ ပါဝင်လှူဒါန်းပေးကြတဲ့ တယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ရှင်။ ထပ်လိုတဲ့ငွေလဲကျမပဲ ထပ်စိုက်လှူလိုက်တယ်။ လူတဖက်သား ဒုက္ခကို ကူညီကောင်းပါတယ်။ နိုင်သလောက်လေးပါ။ ထပ်တူကုသိုလ်ရကြပါစေ🙏🙏🙏🙏🙏”ဆိုတဲ့စာလေးနဲ့ နေစရာမိုးမလုံလို့် ခက်အခဲဖြစ်နေတဲ့သူရဲ့အကူအညီတောင်းမှုကို ကူညီဖြေရှင်းပေးခဲ့တာ​ပါ။ပရိသတ်တွေလည်းမေနွယ်ထွန်းရဲ့ နိုင်သလောက်ကုသိုလ်အလှူလေးအတွက် သာဓုခေါ်ခဲ့ကြပါဦးနော်။
Credit-CeleGabar
ZAWGYI
Credit-CeleGabar