သိပ်မကြာခင်ကာလဖြစ်တဲ့ မေလ ကမှ ချစ်ရသူနဲ့ တခမ်းတနားလက်ထပ်ခဲ့ပြီး အမျိုးသားထုကြီးရဲ့ အသည်းကို ခွဲခဲ့သူကတော့ အေးသောင်း လို့အများကချစ်စနိုးနဲ့ ခေါ်တွင်ပြီး မြန်မာဆန်ဆန် အလှတရားနဲ့ ပြီးပြည့်စုံသူလေး မင်းသမီးချော အေးဝတ်ရည်သောင်းပဲ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်း ကတော့ သူမရဲ့ ချစ်သူ နဲ့ သူမရဲ့ အိမ်ထောင်ဖက် တစ်ထပ်တည်း ထပ်တူ ကျခဲ့တဲ့အပြင် သူမကိုအတော်လေးဂရုစိုက်ပြီးချစ်ရှာတဲ့ အိမ်ထောင်ဖက်ကြောင့် တစ်နေ့တစ်ခြား ပိုပိုလှလာကာ အတော်လေးကို စိတ်ချမ်းသာနေရပုံပေါ်ပါတယ်။

အခုအခါမှာလည်း သူမ အမျိုးသားနဲ့ သူမအကြားက ဖြစ်ရပ်လေးတစ်ခုကို ဟာသလေးနှောကာပြောပြလာတာဖြစ်ပြီး ပရိသတ်တွေကလည်းအတော်လေး သဘောကျ အူတက်နေကြပါတယ်။ သူမ ဘာတွေ ဘယ်လို ဟာသပြောထားလဲဆိုတာ ပရိသတ်ကြီး ကြည့်ရှုနိုင်စေရန်ဖော်ပြလိုက်ရပါတယ်။

Credit..MMLoad

zawgyi




Credit..MMLoad