ခပ်မိုက်မိုက် Rap သီချင်း တွေနဲ့ မြန်မာRap လောက ကို တစ်ခေတ် တစ်ခါက ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး သက်လတ်ပိုင်းပရိသတ်မှစကာ လူငယ်ပိုင်းပရိသတ်အထိ လေးစားအားကျရတဲ့ Rap အဆိုတော်တစ်ဦးလို့ဆိုလာရင်တော့ အဆိုတော် ရန်ရန်ချမ်း က မပါမဖြစ်ပါပဲ။

အဆိုတော် ရန်ရန်ချမ်း ဟာ အနုပညာမှာ ထူးချွန်ရုံသာမက အိမ်ထောင်ရေးမှာလည်းအများက အားကျရတဲ့ အိမ်ထောင်ရေး တစ်ခုကိုတည်ဆောက်ထားနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ ရန်ရန်ချမ်းတို့ မိသားစုလေးကို ပရိသတ်တွေက လည်းအမြဲအားကျလေးစားနေရတဲ့ အထိကို ချစ်စရာကောင်းတဲ့မိသားစုလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။

ဒီကနေ့ဟာ အဆိုတော် ရန်ရန်ချမ်း ရဲ့ သားလေး အသက်(၁၀)နှစ်ပြည့်တဲ့ မွေးနေ့ရက်မြတ်ဖြစ်ပါတယ်။ သားဖြစ်သူရဲ့ (၁၀)နှစ်ပြည့်မွေးနေ့မှာ ဖခင်ဖြစ်သူ ရန်ရန်ချမ်း က ” အမြဲတရားတဲ့ဘက်မှာ ရပ်တည်နိုင်ပါစေ” လို့ ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။ ရန်ရန်ချမ်း ရဲ့ ချစ်စရာကောင်းတဲ့ သားလေးဖြစ်သူရဲ့ ပုံရိပ်ကို ပရိသတ်ကြီးကြည့်ရှုနိုင်စေရန် ဖော်ပြလိုက်ရပါတယ်။

Credit .MMLoad

zawgyi




Credit .MMLoad