ပရိတ်သတ်တွေရဲ့အချစ်တော် ပြည်သူ့ မင်းသားချော ပိုင်တံခွန်ကတော့ အများနဲ့မတူဘဲ ခွေးလေးတွေ၊ကြောင်လေးတွေသာမက ခရုလေးတွေ၊ လိပ်လေးတွေ၊ ဆိတ်လေးတွေ၊ ကြွက်လေးတွေ၊ ပုတ်သင်ညိုလေးတွေစတဲ့ တိရစ္ဆာန်လေး တွေကိုလည်း ချစ်မြတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ကြင်နာတတ်လွန်းတဲ့ ပိုင်တံခွန်က သူ့မွေးထားတဲ့ တိရစ္ဆာန်လေးတွေကို သားသမီးလေးတွေကို ကျွေးမွေးပြုစုစောင့်ရှောက်ထားတာပါ။ အဲ့ဒီထဲကမှ ပိုင်တံခွန်ရဲ့ ခရုလေးဟာဆိုရင် နာမည်ကျော်သရုပ်ဆောင်မင်းသမီးဖြစ်တဲ့ ပိုးမမှီသာနဲ့ ကြော်ငြာတွေ တောင် အတူတွဲဖက်ရိုက်ကူးနေပါပြီပဲ ဖြစ်ပါတယ်။

ပိုးမမှီသာနဲ့ ရိုက်ကူးရေးလုပ်တုန်းက သူ့ရဲ့ကလေးလေးတွေ အိမ်ပြန်နောက်ကျတာ ကြောင့် ပိုင်တံခွန်က စိတ်ပူပြီးအိမ်ကနေ Video call ခေါ်နေတာပဲ ဖြစ်ပါတယ်။ ပိုးမမှီသာကလည်း ကျေးဇူးတင်ကြောင်းကို “ည ၈ နာရီထိ သူ့ကလေးတွေ ပြန်မရောက်သေးလို စိတ်ပူနေတဲ့ ခရုလေးတို ဖခင် ကို Paing Takhon ကိုလည်းကျေးဇူးပါ 😅”ဆိုပြီး Comment ကနေတစ်ဆင့် ရေးသားကာ စိတ်ပူနေတဲ့ပိုင်တံခွန်ရဲ့ပုံရိပ်လေးနဲ့အတူ စနောက်ကျီစယ်ထားပါတယ်။

Credit : MMLoad

ZAWGYI




Credit : MMLoad