ပရိသတ်ကြီးရေ မိုးယုစံကတော့ Miss တစ်ယောက်အနေနဲ့ ပရိသတ်တွေ ရှေ့မှောက်ကို စတင်ရောက်ရှိလာခဲ့ပြီး နောက်ပိုင်းမှာတော့ သရုပ်ဆောင်မင်းသမီးတစ်ယောက်အနေနဲ့ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အိမ်ထောင်ကျပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိတော့ပါဘူး။

အိမ်ထောင်ကျပြီး ချစ်စရာကောင်းလှတဲ့ သားသားလေး(၂)ယောက်ကို မွေးဖွားထားပေမဲ့ လက်ရှိအချိန်ထိ အလှတွေမပျက်ဘဲ အပျိုလေးတစ်ယောက် လို လှပနေတာကြောင့် ပရိသတ်တွေ အားကျနေခဲ့ရသူပဲဖြစ်ပါတယ်။ မနေ့က ဇူလိုင်လ (၁၁)ရက်နေ့လေးမှာတော့ မိုးယုက သူ့ရဲ့မွေးနေ့ကောင်းမှုအလှူလေးအဖြစ် လမ်းဘေးလေလွင့်တိလေးတွေ ကို အဟာရဒါနအလှူပြုခဲ့ပါတယ်။

မိုးယုစံကတော့ အလှူလေးကို ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် တစ်ယောက် ဖြစ်တဲ့ မျိုးမျိုးခိုင်ကနေ တစ်ဆင့် လှူဒါန်းပေးခဲ့တာဖြစ်ပြီး မျိုးမျိုးခိုင်ကတော့ မိုးယုကအခုလို လှူဒါန်းပေးခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ မိုးယုရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးကြပါဦးနော်။

Credit – CeleZone

zawgyi




Credit – CeleZone