ပရိသတ်ကြီးရေသရုပ်ဆောင် ကျော်ထက်ဇော်ကတော့ MRTV 4 ဇာတ်လမ်းတွဲတွေကနေ အကောင်းဆုံး သရုပ်ဆောင်ခဲ့ပြီး ပီပြင်တဲ့ ဇာတ်ရုပ်တွေကြောင့် အားလုံးရဲ့ ချစ်ခင် အားပေးမှုရရှိ နေတာလည်းဖြစ်ပါတယ်။လတ်တလောပရိသတ်တွေ ကြားမှာရေပန်းစားနေတဲ့ ဒေါင်းယာဉ်ပျံဘုံဘေးနားမှာ စာရေးလို့ထားချင်တယ် ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာလည်း မျက်နှာများတဲ့ ကိုနိုင်လေးအနေ နဲ့ပါဝင်ထားပြီး လူကြိုက်များနေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၂၁) ရက်နေ့မှာတော့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲ ဇာတ်သိမ်းပိုင်းအမှတ်တရအနေနဲ့ သရုပ်ဆောင်တွေအားလုံး နှုတ်ဆက်ညစာစားပွဲလေး ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ထိုပွဲမှာ သရုပ်ဆောင်တွေ အားလုံး အမှတ်တရဓာတ်ပုံရိုက်ပြီးချိန်မှာတော့ ကျော်ထက်ဇော်ဟာ နန်းစန္ဒာလှထွန်း၊ ဆုထက်လှိုင်နဲ့ ဆက်ယွန်းတွယ်တာတို့ သုံးယောက်စလုံးကို တစ်ပြိုင်နက်တည်းဖက်ခဲ့တဲ့ ဗီဒီယိုလေးဟာ ပရိသတ်တွေကြား ပျံ့နှံ့နေပြီး ပရိသတ်တွေက “ဇာတ်လမ်းပြီးပြီလေ ကိုနှိုက်မြည်းရဲ့🥲” ဆိုပြီး ကျော်ထက်ဇော်ကို ကိုနှိုက် မြည်းလို့ နာမည်ပြောင်လေးပေးကာ စနောက်ခဲ့ပါတယ်။

ကျော်ထက်ဇော်ကလည်း ပရိသတ်တွေ စနောက်ကြတဲ့ ကိုနှိုက်မြည်းဆိုတဲ့ နာမည်လေးကို စိတ်မဆိုးတဲ့အပြင် “ဟဲ့ …..အော်ငါဆိုသည်မှာလဲတစ်ခါတစ်လေလေး ဖက်လိုက်မိပါတယ် တန်းမြင်ကြတာနော်” ဆိုပြီး ပြန်လည်အရွှန်း ဖောက်ခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ကျော်ထက်ဇော်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။ဇာတ်လမ်းတွဲ အပြီးမှာ နာမည်အသစ်ထပ်ရသွားတဲ့ ကေျာ်ထက်ဇော်ရဲ့နာမည်ကို ပရိတ်သတ်တွေလည်း သလောကျနေမယ်ထင်ပါတယ်နော်။

Source: Kyaw Htet Zaw

zawgyi

ပရိသတ္ႀကီးေရသ႐ုပ္ေဆာင္ ေက်ာ္ထက္ေဇာ္ကေတာ့ MRTV 4 ဇာတ္လမ္းတြဲေတြကေန အေကာင္းဆုံး သ႐ုပ္ေဆာင္ခဲ့ၿပီး ပီျပင္တဲ့ ဇာတ္႐ုပ္ေတြေၾကာင့္ အားလုံးရဲ့ ခ်စ္ခင္ အားေပးမႈရရွိ ေနတာလည္းျဖစ္ပါတယ္။လတ္တေလာပရိသတ္ေတြ ၾကားမွာေရပန္းစားေနတဲ့ ေဒါင္းယာဥ္ပ်ံဘုံေဘးနားမွာ စာေရးလို႔ထားခ်င္တယ္ ဆိုတဲ့ ဇာတ္လမ္းတြဲေလးမွာလည္း မ်က္ႏွာမ်ားတဲ့ ကိုနိုင္ေလးအေန နဲ႔ပါဝင္ထားၿပီး လူႀကိဳက္မ်ားေနတာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လ (၂၁) ရက္ေန႔မွာေတာ့ “ေဒါင္းယာဥ္ပ်ံဘုံနံေဘးမွာစာေရးလို႔ထားခ်င္တယ္” ဇာတ္လမ္းတြဲ ဇာတ္သိမ္းပိုင္းအမွတ္တရအေနနဲ႔ သ႐ုပ္ေဆာင္ေတြအားလုံး ႏႈတ္ဆက္ညစာစားပြဲေလး ျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။ ထိုပြဲမွာ သ႐ုပ္ေဆာင္ေတြ အားလုံး အမွတ္တရဓာတ္ပုံရိုက္ၿပီးခ်ိန္မွာေတာ့ ေက်ာ္ထက္ေဇာ္ဟာ နန္းစႏၵာလွထြန္း၊ ဆုထက္လွိုင္နဲ႔ ဆက္ယြန္းတြယ္တာတို႔ သုံးေယာက္စလုံးကို တစ္ၿပိဳင္နက္တည္းဖက္ခဲ့တဲ့ ဗီဒီယိုေလးဟာ ပရိသတ္ေတြၾကား ပ်ံ႕ႏွံ့ေနၿပီး ပရိသတ္ေတြက “ဇာတ္လမ္းၿပီးၿပီေလ ကိုႏွိုက္ျမည္းရဲ့🥲” ဆိုၿပီး ေက်ာ္ထက္ေဇာ္ကို ကိုႏွိုက္ ျမည္းလို႔ နာမည္ေျပာင္ေလးေပးကာ စေနာက္ခဲ့ပါတယ္။

ေက်ာ္ထက္ေဇာ္ကလည္း ပရိသတ္ေတြ စေနာက္ၾကတဲ့ ကိုႏွိုက္ျမည္းဆိုတဲ့ နာမည္ေလးကို စိတ္မဆိုးတဲ့အျပင္ “ဟဲ့ …..ေအာ္ငါဆိုသည္မွာလဲတစ္ခါတစ္ေလေလး ဖက္လိုက္မိပါတယ္ တန္းျမင္ၾကတာေနာ္” ဆိုၿပီး ျပန္လည္အရႊန္း ေဖာက္ခဲ့တာကို ေတြ႕ရပါတယ္။ ပရိသတ္ႀကီးလည္း ေက်ာ္ထက္ေဇာ္ရဲ့ ဗီဒီယိုေလးကိုၾကည့္ၿပီး အေပ်ာ္ေတြကူးစက္သြားမယ္ထင္ပါတယ္ေနာ္။ဇာတ္လမ္းတြဲ အၿပီးမွာ နာမည္အသစ္ထပ္ရသြားတဲ့ ေက်ာ္ထက္ေဇာ္ရဲ့နာမည္ကို ပရိတ္သတ္ေတြလည္း သေလာက်ေနမယ္ထင္ပါတယ္ေနာ္။

Source: Kyaw Htet Zaw