ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ ဇူလိုင်လ (၃၁)ရက်နေ့ကတော့ ပရိသတ်တွေရဲ့ အချစ်တော် MMA ဖိုက်တာကြီးဖြစ်တဲ့ အောင်လအန်ဆန်းရဲ့ က သူ့ရဲ့တတိယမြောက်ရင်သွေးလေးလူ့လောကထဲရောက်လာပြီ ဖြစ်တဲ့အကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာကြောင့် ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။

ဒီနေ့မှာတော့ အောင်လရဲ့ ဇနီးသည်က မွေးဖွားပြီး နေအိမ်ကိုကျန်းမာစွာနဲ့ ပြန်လည် ရောက်ရှိလာကြောင်း “We are all safely home. The crazy hospital night started with Katie being sick and testing positive for Covid. Then the umbilical cord was wrapped around the baby’s neck causing him to have an irregular heart rate. Which the doctor told us to have an emergency C-section. Thank God the baby is healthy and the mom is healing.

Our children are a gift from God!” ဆိုပြီး ကြုံတွေ့ခဲ့ရတဲ့အခက်ခဲတွေ ကိုပါပြောပြထားခဲ့ပါတယ်။ ပရိသတ်ကြီးရေ အောင်လကတော့ ဒီအကြောင်းလေးနဲ့အတူ အငယ်ဆုံးလေးကို ချစ်နေကြတဲ့ အကြီးလေး(၂)ယောက်ရဲ့ ချစ်စရာကောင်းလှတဲ့ ပုံလေးကိုလည်း မျှဝေဖော်ပြထားရင်း သူ့ရဲ့ သားသမီးများသည် ဘုရားသခင်ထံမှ လက်ဆောင်ပါလို့လည်း ပြောထားခဲ့ပါသေးတယ်။

Source – Aung La Nsang(Burmese Python)
Credit – CeleZone

zawgyi




Credit – CeleZone