ပရိသတ်ကြီးရေ ရွှေထူးကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်နေတဲ့ ထိပ်တန်းအဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေ ရဲ့ အချစ်ကိုလည်း အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ ဆယ်ကျော်သက် လူငယ်တွေရဲ့ အားပေးမှု ကို အခိုင်အမာ နေရာယူထားနိုင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်တဲ့ ရွှေထူးကတော့ အချစ် သီချင်းလေးတွေ အလွမ်း သီချင်းလေးတွေ အဆွေးသီချင်းလေးတွေ ကို သီဆိုလေ့ရှိပါတယ်။ ဒါ့အပြင် ရွှေထူးတို့ ဇနီးမောင်နှံက ဆိုရင်လည်း တစ်ယောက် လက်ကိုတစ်ယောက် ခိုင်ခိုင်မာမာ

ဆုပ်ကိုင်ထားပြီး ရွှေလက်တွဲလက်ထပ်ထားကြတဲ့ စုံတွဲလေးဖြစ်ပြီး ပရိသတ်တွေ အားကျခဲ့ရတဲ့စုံတွဲပဲ ဖြစ်ပါတယ်။တစ်ချိန်က ဒိတ်ဒိတ်ကြဲအောင်မြင်သူတွေဖြစ်ခဲ့ပေမယ့် ခုမှာတော့ ဝေဖန်မှုတွေ နဲ့ လည်းကြုံနေခဲ့ရတာပါ။ဖေဖော်ဝါရီလ ၁ ရက်နေ့အာဏာသိမ်းပြီးချိန်မှာ ပရိသတ်တွေ ရှေ့ခဏထွက်လာသေးပေမယ့်နောက်ပိုင်းမှာတော့ ပျောက်သွားခဲ့ တာပါ။နာမည်ကျော် တစ်ခြားအနုပညာရှင်တွေတောင် မိမိကိုယ့်ကျိုးစွန့်ပြီး တော်လှန်နေချိန်မှာ သူတို့နှစ်ယောက်ဟာ မဆိုင်သလိုနေပြီးပျောက်ကွယ်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှု ကို တောက်လျောက်ခံနေရတာပါ။ လူမှုကွန်ရက်မှာလည်း အချိန်တော်ကြာပျောက်သွားခဲ့ပြီး မကြာခင်ရက်ပိုင်းကတော့ ပြန်ပေါ်လာခဲ့ပါတယ်။ ဒီနေ့လေးမှာတော့ ရွေမှုန်ရတီက ဇနီးမောင်နှံနှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့

ဗီဒီယိုလေးကို တင်ပေးလာခဲ့တာ ဖြစ်ပါတယ်နော်. သူမ တင်လာခဲ့တဲ့ ဗီဒီယိုလေးအောက်မှာတော့ ချစ်စရာကောင်းတဲ့ ကောမန့်လေးတွေ ရေးသားပြီးအားပေးထားကြပါသေးတယ်… ပရိသတ်ကြီးလည်း ရွေရွေ တို့ ရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး ချစ်ပေးကြပါအုံးနော်..

crd Cele Info

ZAWGYI

ပရိသတ္ႀကီးေရ ေရႊထူးကေတာ့ ျမန္မာနိုင္ငံရဲ့ ေအာင္ျမင္ေနတဲ့ ထိပ္တန္းအဆိုေတာ္ေတြထဲမွာ တစ္ေယာက္အပါအဝင္ျဖစ္ၿပီး ပရိသတ္ေတြ ရဲ့ အခ်စ္ကိုလည္း အခိုင္အမာရယူထားနိုင္တဲ့ အႏုပညာရွင္ တစ္ေယာက္ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္ လူငယ္ေတြရဲ့ အားေပးမႈ ကို အခိုင္အမာ ေနရာယူထားနိုင္တဲ့ အဆိုေတာ္ တစ္ေယာက္ျဖစ္တဲ့ ေရႊထူးကေတာ့ အခ်စ္ သီခ်င္းေလးေတြ အလြမ္း သီခ်င္းေလးေတြ အေဆြးသီခ်င္းေလးေတြ ကို သီဆိုေလ့ရွိပါတယ္။ ဒါ့အျပင္ ေရႊထူးတို႔ ဇနီးေမာင္ႏွံက ဆိုရင္လည္း တစ္ေယာက္ လက္ကိုတစ္ေယာက္ ခိုင္ခိုင္မာမာ

ဆုပ္ကိုင္ထားၿပီး ေရႊလက္တြဲလက္ထပ္ထားၾကတဲ့ စုံတြဲေလးျဖစ္ၿပီး ပရိသတ္ေတြ အားက်ခဲ့ရတဲ့စုံတြဲပဲ ျဖစ္ပါတယ္။တစ္ခ်ိန္က ဒိတ္ဒိတ္ၾကဲေအာင္ျမင္သူေတြျဖစ္ခဲ့ေပမယ့္ ခုမွာေတာ့ ေဝဖန္မႈေတြ နဲ႔ လည္းၾကဳံေနခဲ့ရတာပါ။ေဖေဖာ္ဝါရီလ ၁ ရက္ေန႔အာဏာသိမ္းၿပီးခ်ိန္မွာ ပရိသတ္ေတြ ေရွ႕ခဏထြက္လာေသးေပမယ့္ေနာက္ပိုင္းမွာေတာ့ ေပ်ာက္သြားခဲ့ တာပါ။နာမည္ေက်ာ္ တစ္ျခားအႏုပညာရွင္ေတြေတာင္ မိမိကိုယ့္က်ိဳးစြန႔္ၿပီး ေတာ္လွန္ေနခ်ိန္မွာ သူတို႔ႏွစ္ေယာက္ဟာ မဆိုင္သလိုေနၿပီးေပ်ာက္ကြယ္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ့ ေဝဖန္မႈ ကို ေတာက္ေလ်ာက္ခံေနရတာပါ။ လူမႈကြန္ရက္မွာလည္း အခ်ိန္ေတာ္ၾကာေပ်ာက္သြားခဲ့ၿပီး မၾကာခင္ရက္ပိုင္းကေတာ့ ျပန္ေပၚလာခဲ့ပါတယ္။ ဒီေန႔ေလးမွာေတာ့ ေရြမႈန္ရတီက ဇနီးေမာင္ႏွံႏွစ္ေယာက္ရဲ့ ခ်စ္စရာေကာင္းတဲ့

ဗီဒီယိုေလးကို တင္ေပးလာခဲ့တာ ျဖစ္ပါတယ္ေနာ္. သူမ တင္လာခဲ့တဲ့ ဗီဒီယိုေလးေအာက္မွာေတာ့ ခ်စ္စရာေကာင္းတဲ့ ေကာမန႔္ေလးေတြ ေရးသားၿပီးအားေပးထားၾကပါေသးတယ္… ပရိသတ္ႀကီးလည္း ေရြေရြ တို႔ ရဲ့ ဗီဒီယိုေလးကို ၾကည့္ၿပီး ခ်စ္ေပးၾကပါအုံးေနာ္..

crd Cele Info