ပရိတ်သတ်ကြီးရေ…. သရုပ်ဆောင်မင်းသမီးလေးတစ်ယောက် ဖြစ်တဲ့ ခြူးလေးဟာဆိုရင် Mrtv-4ရဲ့ ဇာတ်ကားကောင်းတွေဖြစ်တဲ့ “ထာဝရမန္တလေး၊ နွေလယ်ညရဲ့လမင်း” စတဲ့ဇာတ်လမ်းတွဲတွေမှာ ပရိတ်သတ်တွေရဲ့ အားပေးဝန်းရံမှုကိုရရှိခဲ့တာပါ။ ဒါ့ပြင်ခြူးလေးဟာ ရုပ်ရှင်ကားကြီးတွေအထိပါ ရိုက်ကူးအောင်မြင်နေတဲ့မင်းသမီးတစ်ယောက်ဖြစ်ပါတယ်နော်။ ခြူးလေးဟာ ပီပြင်တဲ့ ချက်တွေအပြင် အသံချိုချိုအေးအေးလေး နဲ့လည်း သူမသီဆိုထားတဲ့ သီချင်းသစ်ဖြစ်တဲ့ “နီးနီးလေးပဲ”ဆိုတဲ့ သီချင်းလေးဟာလည်း လူငယ်ပရိတ်သတ်တွေကြားမှာရေပန်းစားခဲ့ပါသေးတယ်နော်။
ခြူးလေးဟာ tik tokဗီဒီယိုလေးတွေကိုလည်း အများနဲ့မတူအောင်လည်းမျိုးစုံဆော့တတ်ပါသေးတယ်နော်။လက်ရှိမှာဆိုရင်တော့ ခြူးလေးက ဓာတ်ပုံရိုက်နဲ့ အခြားသောအနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလိုလုပ်ကိုင်နေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတ်နော်။အနုပညာအလုပ်တွေနဲ့မအားမလပ်ဖြစ်နေပေမယ့်လည်း မိသားစုကို အချိန်ပေးတတ်တဲ့သူတစ်ယောက်ဖြစ်တဲ့ ခြူးလေးက သူမရဲ့တစ်ဦးတည်းသောတူမလေးနဲ့အမြဲအနီးကပ်နေတတ်သူဖြစ်ပြီး တူမလေးကိုအမြဲအလိုလိုက်တတ်တဲ့သူလည်းုဖစ်ပါတယ်နော်။
အဒေါ်ဖြစ်သူခြူးလေးရဲ့အနုပညာအမွေကိုရရှိထားတာလားလို့တောင်ထင်ရလောက်တဲ့ တူမလေးရဲ့အံ့သြစရာကောင်းတဲ့ ပုံလေးတစ်ပုံကိုပြသလာထဲ့တာပဲဖြစ်ပါတယ်နော်။အဲ့ဒီပုံလေးဟာဆိုရင် အဒေါ်ဖြစ်သူခြူးလေးထက် အအိုင်တင်ကောင်းတဲ့ တူမလေးရဲ့ပုံလေးကို “သူမရဘူး …. post တွေ acting တွေ အကုန်လိုက်မှတ်ထားတာ 🥰😘” ဆိုတဲ့စာသားလေးနဲ့တကွပြသလာခဲ့တာပဲဖြစ်ပါတယ်နော်။အမှန်တကယ် အဒေါ်ဖြစ်သူထက်အိုင်တင်ကောင်းလွန်းလှတဲ့ ခြူးလေးရဲ့တူမလေးလည်း ကြီးလာရင် မင်းသမီးတစ်ယောက် ဖြစ်မလားဆိုတာ စောင့်ကြည့်ရတော့မယ်နော်..။
Source: Chue Chue’s fb
Credit ; Celebrity Platfirms
zawgyi
Source: Chue Chue’s fb