ပရိသတ်ကြီးရေ အာကြီးက တော့ ခိုင်နှင်းဝေ ရဲ့ ရင်သွေးလေးများ ဂေဟာမှာ ခေါ်ယူ မွေးစားစောင့်ရှောက်ထားတဲ့ ကလေးငယ်တွေ ထဲက အလည်ဆုံးအတတ်ဆုံးကလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အာကြီးရဲ့ အရွယ် နဲ့ မလိုက်အောင် လည်ပြီး တတ်လွန်း လှတာကြောင့် ပရိသတ်တွေက အချစ်ပိုကာ နေရတဲ့ ကလေးဆိုရင်လည်း မမှားပါဘူးနော်။

မေမေခိုင်နှင်းဝေ ချစ်အောင်လည်း ချွဲတတ်ပြီး လက်ရှိ(၁)နှစ်ကျော်အရွယ်ရောက်လာချိန်မှာတော့ ပိုပြီးတောင် သိတတ် နားလည် အလိုက်သိပြီး အားကိုးလို့လည်းရနေပါပြီ။ အခုဆိုရင်အာကြီးကတော့ ဂေဟာ ကို အငယ်လေးတွေ ရောက်လာပြီး အကိုတစ်ယောက် ဖြစ်လာတဲ့ အချိန် အငယ်လေးတွေ ကို ကူထိန်းပေးတဲ့အထိ အားကိုးနေရပြီပဲ ဖြစ်ပါတယ်။

မေမေခိုင်နှင်းဝေ ကတော့ သားအာကြီးရဲ့ ညီလေး ညီမလေးတွေကို ကူထိန်းပေးနေတာကို ကြည့်ပြီး ပီတိဖြစ်သဘောကျကာ ဗီဒီယိုလေးရိုက်ကူးပြီးသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ ပရိသတ်ကြီးရေ အာကြီးကတော့ မေမေခိုင်နှင်းဝေအတွက် အခုကတည်းက ကူညီဖော်ရနေပြီနော်။

Source – Khine Hnin Wai
Chilli – CeleGabar

ZAWGYI




Source – Khine Hnin Wai
Chilli – CeleGabar