ပရိသတ္ႀကီးေရ အဆိုေတာ္ သားဂန္းနဲ႔ ေဘဘီေမာင္တို႔ ဇနီးေမာင္ႏွံကေတာ့ အလႉအတန္းေတြကို ရက္ေရာစြာနဲ႔ လႉဒါန္းတတ္တဲ့ စုံတြဲေလးဆိုတာပရိသတ္ေတြလည္း သိရွိၿပီးသားျဖစ္မွာပါေနာ္။ ေဘဘီေရာ သားဂန္းေရာက အလႉအတန္းေတြကို အျမဲတမ္းလိုလို ျပဳလုပ္ေနခဲ့တဲ့ အျပင္ လမ္းမွာေတြ႕တဲ့ အသက္ႀကီး အဖိုးအဖြ ားေတြကိုလည္း တတ္နိုင္သေလာက္ ကူညီေပးေလ့ရွိပါေသးတယ္။

လတ္တေလာမွာလည္း ေဘဘီက သားဂန္းရဲ့ အလႉအတန္းလုပ္ရမယ္ဆို ဘယ္လိုအခ်ိန္ဘယ္လိုေနရာမ်ိဳးမွာမဆို ခ်က္ခ်င္းျပဳလုပ္တတ္တဲ့စိတ္ဓာတ္ေလးနဲ႔ လုပ္ရက္ေလးတစ္ခုကို ဗီဒီယိုေလးနဲက မၽွေဝေဖာ္ျပလာခဲ့ပါတယ္။ ဗီဒီယိုေလးထဲမွာေတာ့ သားဂန္းနဲ႔ ေဘဘီတို႔က အျပင္သြားေနတုန္း လမ္းမွာအဖြားအို တစ္ေယာက္ကိုေတြ႕တဲ့အခါမွာ သားဂန္းကကားကိုရပ္ၿပီး အဖြားကို တတ္နိုင္သေလာက္ေငြေၾကးေတြ သြားေရာက္လႉဒါန္းခဲ့တာပဲျဖစ္ပါတယ္။

ေဘဘီကေတာ့ ဒီလို စိတ္ဓာတ္ေလးေၾကာင့္ ခင္ပြန္းျဖစ္သူသားဂန္းကို ခ်စ္ရတဲ့ အေၾကာင္းျပခ်က္ေတြထဲကတစ္ခုပါလို႔လည္း ဗီဒီယိုေလးနဲ႔အတူ ရင္ထဲကခံစားခ်က္ေလးကိုပါေဖာ္ျပထားခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေရ ေဘဘီေမာင္နဲ႔ သားဂန္းတို႔ကေတာ အလႉအတန္းရက္ေရာတဲ့ စိတ္ဓာတ္ေလးကေတာ့ ခ်ီးက်ဴးစရာပါပဲေနာ္။

Source – Baby Maung
Credit– CeleGabar

ပရိသတ်ကြီးရေ အဆိုတော် သားဂန်းနဲ့ ဘေဘီမောင်တို့ ဇနီးမောင်နှံကတော့ အလှူအတန်းတွေကို ရက်ရောစွာနဲ့ လှူဒါန်းတတ်တဲ့ စုံတွဲလေးဆိုတာပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။ ဘေဘီရော သားဂန်းရောက အလှူအတန်းတွေကို အမြဲတမ်းလိုလို ပြုလုပ်နေခဲ့တဲ့ အပြင် လမ်းမှာတွေ့တဲ့ အသက်ကြီး အဖိုးအဖွ ားတွေကိုလည်း တတ်နိုင်သလောက် ကူညီပေးလေ့ရှိပါသေးတယ်။

လတ်တလောမှာလည်း ဘေဘီက သားဂန်းရဲ့ အလှူအတန်းလုပ်ရမယ်ဆို ဘယ်လိုအချိန်ဘယ်လိုနေရာမျိုးမှာမဆို ချက်ချင်းပြုလုပ်တတ်တဲ့စိတ်ဓာတ်လေးနဲ့ လုပ်ရက်လေးတစ်ခုကို ဗီဒီယိုလေးနဲက မျှဝေဖော်ပြလာခဲ့ပါတယ်။ ဗီဒီယိုလေးထဲမှာတော့ သားဂန်းနဲ့ ဘေဘီတို့က အပြင်သွားနေတုန်း လမ်းမှာအဖွားအို တစ်ယောက်ကိုတွေ့တဲ့အခါမှာ သားဂန်းကကားကိုရပ်ပြီး အဖွားကို တတ်နိုင်သလောက်ငွေကြေးတွေ သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ဘေဘီကတော့ ဒီလို စိတ်ဓာတ်လေးကြောင့် ခင်ပွန်းဖြစ်သူသားဂန်းကို ချစ်ရတဲ့ အကြောင်းပြချက်တွေထဲကတစ်ခုပါလို့လည်း ဗီဒီယိုလေးနဲ့အတူ ရင်ထဲကခံစားချက်လေးကိုပါဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ဘေဘီမောင်နဲ့ သားဂန်းတို့ကတော အလှူအတန်းရက်ရောတဲ့ စိတ်ဓာတ်လေးကတော့ ချီးကျူးစရာပါပဲနော်။

Source – Baby Maung
Credit– CeleGabar