ပရိသတ်ကြီးရေ မိုးစက်ကတော့ သူ့ရဲ့ မွန်မြတ်လှတဲ့ လုပ်ရပ်လေးအတိုင်း အဘိုးတစ်ယောက်ကို ထပ်မံ ကူညီထောက်ပံ့ခဲ့ပါတယ်။ အဖိုးကတော့ အသက် (၇၈)နှစ်ရှိနေပြီဖြစ်ပြီး လွန်ခဲ့တဲ့ (၇)နှစ်ကတည်းကနေ ဘုရားဖူးသွားရင်း ဇနီးဖြစ်သူ နဲ့အတူ ခြေထောက်တစ်ဖက်ကိုပါ ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။

အဘိုးကတော့ တစ်ယောက်တည်းဘဝကို ရပ်တည်နေပြီး ခြေထောက်တစ်ဖက် မရှိပေမဲ့ ဘဝကို အရှုံးမပေးဘဲ သူတတ်မြောက်တဲ့ပညာရပ်လေးနဲ့ စက်ဘီးပြင်ကာ ဝမ်းရေးဖြေရှင်းနေခဲ့တာဖြစ်ပြီး အဘိုးရဲ့ သမာအာဇီဝကျကျ လုပ်ကိုင်စားသောက်တတ်တဲ့ စိတ်ဓာတ်လေးကို လေးစားတာကြောင့် အလှူငွေ (၂)သိန်းကျပ်ကို ကူညီထောက်ပံ့ပေးခဲ့တာပဲဖြစ်ပါတယ်။

အဘိုးရဲ့ တဲလေးကလည်း မလုံမခြုံ ဖြစ်နေခဲ့ပြီး မိုးစက်ကတော့ အဖိုးရဲ့ တဲလေးပြုပြင်နိုင်ဖို့နဲ့ ဒီနေ့လပြည့်နေ့မှာ အဘိုးကောင်းမှုတွေ ပြုလုပ်နိုင်စေခဲ့တာကြောင့် တော်တော်လေးကို ကုသိုလ်တွေရရှိမှာတော့ အသေအချာပါပဲ။ ပရိသတ်ကြီးရေ အဘိုးနဲ့ တွေ့ဆုံခဲ့တဲ့ မိုးစက်ရဲ့ ဗီဒီယိုလေးကို ပြန်လည် မျှဝေဖော်ပြလိုက်ပါတယ်နော်။

Credit – CeleGabar
Source – Moe Sat

zawgyi

ပရိသတ္ႀကီးေရ မိုးစက္ကေတာ့ သူ႔ရဲ့ မြန္ျမတ္လွတဲ့ လုပ္ရပ္ေလးအတိုင္း အဘိုးတစ္ေယာက္ကို ထပ္မံ ကူညီေထာက္ပံ့ခဲ့ပါတယ္။ အဖိုးကေတာ့ အသက္ (၇၈)ႏွစ္ရွိေနၿပီျဖစ္ၿပီး လြန္ခဲ့တဲ့ (၇)ႏွစ္ကတည္းကေန ဘုရားဖူးသြားရင္း ဇနီးျဖစ္သူ နဲ႔အတူ ေျခေထာက္တစ္ဖက္ကိုပါ ဆုံးရႈံးခဲ့ရတာပဲျဖစ္ပါတယ္။

အဘိုးကေတာ့ တစ္ေယာက္တည္းဘဝကို ရပ္တည္ေနၿပီး ေျခေထာက္တစ္ဖက္ မရွိေပမဲ့ ဘဝကို အရႈံးမေပးဘဲ သူတတ္ေျမာက္တဲ့ပညာရပ္ေလးနဲ႔ စက္ဘီးျပင္ကာ ဝမ္းေရးေျဖရွင္းေနခဲ့တာျဖစ္ၿပီး အဘိုးရဲ့ သမာအာဇီဝက်က် လုပ္ကိုင္စားေသာက္တတ္တဲ့ စိတ္ဓာတ္ေလးကို ေလးစားတာေၾကာင့္ အလႉေငြ (၂)သိန္းက်ပ္ကို ကူညီေထာက္ပံ့ေပးခဲ့တာပဲျဖစ္ပါတယ္။

အဘိုးရဲ့ တဲေလးကလည္း မလုံမျခဳံ ျဖစ္ေနခဲ့ၿပီး မိုးစက္ကေတာ့ အဖိုးရဲ့ တဲေလးျပဳျပင္နိုင္ဖို႔နဲ႔ ဒီေန႔လျပည့္ေန႔မွာ အဘိုးေကာင္းမႈေတြ ျပဳလုပ္နိုင္ေစခဲ့တာေၾကာင့္ ေတာ္ေတာ္ေလးကို ကုသိုလ္ေတြရရွိမွာေတာ့ အေသအခ်ာပါပဲ။ ပရိသတ္ႀကီးေရ အဘိုးနဲ႔ ေတြ႕ဆုံခဲ့တဲ့ မိုးစက္ရဲ့ ဗီဒီယိုေလးကို ျပန္လည္ မၽွေဝေဖာ္ျပလိုက္ပါတယ္ေနာ္။

Credit – CeleGabar
Source – Moe Sat