ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ဖွေးဖွေး ဟာ ချစ်ဖို့ကောင်းတဲ့ သရုပ်ဆောင် မင်းသမီးချောပါ။ရုပ်ရှင်ဇာတ်ကားပေါင်းများစွ ာကို ရိုက်ကူးထားပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးတစ်လက်လဲ ဖြစ်ပါတယ်နော်။ မိုးကုတ်သူလေးဖြစ်တဲ့ ဖွေးဖွေး ဟာ ဇာတ်ကားတိုင်းမှာပါဝင်တဲ့ကာရိုက်တာတိုင်းကို အကောင်းမွန်ဆုံး သရုပ်ဖော်တင်ဆက်နိုင် တာကြောင့် အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန် ဆွတ်ခူးထားပါသေးတယ်။ မြန်မာနိုင်ငံရဲ့အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလဲ ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ခဲ့တာကြောင့် ပရိသတ်တွေအချစ်ပိုကြရပြန်ပါတယ်။

မင်းသမီး ဖွေးဖွေး ဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် င့် ပုဒ်မ ၅၀၅ကကြောင့် အိမ်ကိုစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရကာ ပြီးခဲ့တဲ့လတွေကမှ ဝရမ်းပယ်ဖျက်ခံရပြီး ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။တစ်နှစ်လောက် မိဘတွေနဲ့ဝေးရာမှာရှောင်တိမ်းနေရတဲ့ဖွေးဖွေးက ဒီတစ်ခါမှဆြိုရင်တော့ ဦးထုတ်ဆောင်းထားတဲ့ ဓာတ်ပုံလေးကို တင်ပေးလာပြီး “ဒါ အမေချုပ်ပေးထားတဲ့ ဦးထုတ်.. ပြေးနေ ပုန်းနေရတုန်း က အချစ်တွေပြထားတာ ❤️‍🩹❤️‍🩹❤️‍🩹❤️‍🩹” ဆိုပြီး သူမမေမေရဲ့ ဂရုစိုက်မှုတွေကို ပြသလာပါတယ်။

တိမ်းရှောင်နေရစဉ်ဖခင်ကွယ်လွန်သွား ပေမယ့်လည်း မိခင်ဖြစ်သူရဲ့ဂရုစိုက်ကြင်နာမှုတွေနဲ့ရှင်သန်နေခဲ့တာပဲဖြစ်ပါတယ်နော်။ဖွေးကိုချစ်တဲ့ပရိတ်သတ်တွေက တော့ အရင်လိုအနုပညာအလုပ်တွေပြန်လုပ်စေချင်ပေမယ့်လည်း ဖွးဖွေးကတော့ သူမစိတ်ပါတဲ့အချိန်မှ အလုပ်တွေ ပြန်လုပ်မယ်လို့ ပြောဆိုထားသူဖြစ်ပါတယ်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့နေ့လေး တစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေနော်..။

Source: Phway Phway’s fb

Credit ; Celebrity Plaforms

zawgyi




Source: Phway Phway’s fb
