မင်းသမီးချော ဖြိုးသံသာချိုကတော့ MRTV 4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသခဲ့တဲ့ မိုးကောင်းကင် အိပ်မက် ရုပ်သံဇာတ်လမ်းတွဲကြီးထဲမှာ ဂျမ်းပုံ( ခေါ် ) သင်းပျံ့ပျံ့မွှေး ဆိုတဲ့ ဗီလိန်ကာရိုက်တာ နဲ့အတူ သူ့ရဲ့ ပီပြင်လွန်းလှတဲ့ သရုပ်ဆောင်တော်မှုကြောင့် ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာကိုရရှိထားသူလည်းဖြစ်ပါတယ်။ သူကတော့ လက်ရှိမှာ ထုတ်လွှင့် ပြသနေဆဲဖြစ်တဲ့ ဂျီဟော သူ ရုပ်သံဇာတ်လမ်းတွဲကြီးမှာလည်း ဝေဝေ ဆိုတဲ့ ကာရို က်တာနဲ့ ပရိသ တ်တွေရဲ့ အားပေးမှုကိုထပ်မံသိမ်းပိုက်ထားပါတယ်။

ဖြိုးသံသာချိုဟာ လတ်တလောမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေ နည်းပါးနေလျက်ရှိပြီး အနုပညာလှုပ်ရှားမှုတွေလည်းအနည်းငယ်သာရှိတာကို တွေ့ရပါတယ်။ ဒီကနေ့မှာတော့ ဖြိုးသံသာချိုက အနုပညာ အလုပ်ကိုလုပ်မိမှ စိတ်ဓာတ်တွေကျဆင်းနေပြီဆိုပြီး ရင်ဖွင့်လာခဲ့ပါတယ်။ဖြိုးသံသာချိုက “ဘာအလုပ်မှမရှိတော့ ဘာဝင်ငွေမှမရှိဘူး။ အလုပ်ကလည်း နေ့ရွှေ့ညရွှေ့နဲ့ အလုပ်လ ည်းလုပ်ချင်စိတ်မရှိတော့ဘူး။

ကိုယ့်အိမ်စီးပွားရေးလေးဝင်လုပ်ကာမှ ပေါပေါသီသီ သုံးရသေးတယ်။ အခုတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ခံပေါ့လို့ပဲ ကိုယ့်ကိုကိုယ်ပဲ ပြန်ပြောမိနေတော့တယ်။ အလုပ်က ဘယ်တော့မှလုပ်ရမှာလဲဆိုတာကိုစောင့်နေရင်း စိတ်ဓာတ်တွေက ဟိုအဝီစိထဲ ရောက်တော့မယ်” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။ဖြိုးသံသာချိုကတော့ ကိုယ်တိုင်ရွေးချယ်ထားတဲ့ အနုပညာအ လုပ်ကိုလုပ်မိကာ မှ ဘယ်တော့အလုပ်လုပ် ရမလဲဆိုတာကိုစောင့်ရင်း စိတ်ဓာတ်တွေကျနေပြီဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

Source: Pep Si Soe’s fb
Credit.

မင္းသမီးေခ်ာ ၿဖိဳးသံသာခ်ိဳကေတာ့ MRTV 4 ႐ုပ္သံလိုင္းကေန ထုတ္လႊင့္ျပသခဲ့တဲ့ မိုးေကာင္းကင္ အိပ္မက္ ႐ုပ္သံဇာတ္လမ္းတြဲႀကီးထဲမွာ ဂ်မ္းပုံ( ေခၚ ) သင္းပ်ံ႕ပ်ံ႕ေမႊး ဆိုတဲ့ ဗီလိန္ကာရိုက္တာ နဲ႔အတူ သူ႔ရဲ့ ပီျပင္လြန္းလွတဲ့ သ႐ုပ္ေဆာင္ေတာ္မႈေၾကာင့္ ပရိသတ္ေတြရဲ့ အားေပးမႈ အခိုင္အမာကိုရရွိထားသူလည္းျဖစ္ပါတယ္။ သူကေတာ့ လက္ရွိမွာ ထုတ္လႊင့္ ျပသေနဆဲျဖစ္တဲ့ ဂ်ီေဟာ သူ ႐ုပ္သံဇာတ္လမ္းတြဲႀကီးမွာလည္း ေဝေဝ ဆိုတဲ့ ကာရို က္တာနဲ႔ ပရိသ တ္ေတြရဲ့ အားေပးမႈကိုထပ္မံသိမ္းပိုက္ထားပါတယ္။

ၿဖိဳးသံသာခ်ိဳဟာ လတ္တေလာမွာေတာ့ ဇာတ္ကားရိုက္ကူးမႈေတြ နည္းပါးေနလ်က္ရွိၿပီး အႏုပညာလႈပ္ရွားမႈေတြလည္းအနည္းငယ္သာရွိတာကို ေတြ႕ရပါတယ္။ ဒီကေန႔မွာေတာ့ ၿဖိဳးသံသာခ်ိဳက အႏုပညာ အလုပ္ကိုလုပ္မိမွ စိတ္ဓာတ္ေတြက်ဆင္းေနၿပီဆိုၿပီး ရင္ဖြင့္လာခဲ့ပါတယ္။ၿဖိဳးသံသာခ်ိဳက “ဘာအလုပ္မွမရွိေတာ့ ဘာဝင္ေငြမွမရွိဘူး။ အလုပ္ကလည္း ေန႔ေရႊ႕ညေရႊ႕နဲ႔ အလုပ္လ ည္းလုပ္ခ်င္စိတ္မရွိေတာ့ဘူး။

ကိုယ့္အိမ္စီးပြားေရးေလးဝင္လုပ္ကာမွ ေပါေပါသီသီ သုံးရေသးတယ္။ အခုေတာ့ ကိုယ့္ဆုံးျဖတ္ခ်က္နဲ႔ကိုယ္ ခံေပါ့လို႔ပဲ ကိုယ့္ကိုကိုယ္ပဲ ျပန္ေျပာမိေနေတာ့တယ္။ အလုပ္က ဘယ္ေတာ့မွလုပ္ရမွာလဲဆိုတာကိုေစာင့္ေနရင္း စိတ္ဓာတ္ေတြက ဟိုအဝီစိထဲ ေရာက္ေတာ့မယ္” ဆိုၿပီး ေျပာလာတာပဲျဖစ္ပါတယ္။ၿဖိဳးသံသာခ်ိဳကေတာ့ ကိုယ္တိုင္ေရြးခ်ယ္ထားတဲ့ အႏုပညာအ လုပ္ကိုလုပ္မိကာ မွ ဘယ္ေတာ့အလုပ္လုပ္ ရမလဲဆိုတာကိုေစာင့္ရင္း စိတ္ဓာတ္ေတြက်ေနၿပီဆိုၿပီး ေျပာလာတာပဲျဖစ္ပါတယ္။

Source: Pep Si Soe’s fb
Credit.