ပရိတ်သတ်ကြီးရေ…… MRTV 4 မှာ လက်ရှိထုတ်လွှင့်ပြသနေတဲ့ စာရေးဆရာကြီးနွမ်ဂျာသိုင်း ရဲ့အောင်မြင်ခဲ့သောဝတ္ထုကို ပြန်လည်အသက်သွင်းရိုက်ကူးထားသောဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်ဆိုတဲ့ ဇာတ်လမ်းတွဲ လေးကတော့ ထုတ်လွှင့် ပြသနေပြီး ပရိသတ်တွေရဲ့အားပေးမှုကိုရရှိနေတာလည်းဖြစ်ပါတယ်။လတ်တလောပရိသတ်တွေကြားမှာအကြိုက်တွေ့ပြီး အားပေးမှုတွေရ ရှိခဲ့ကြတဲ့ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်ဇော်၊ ဆုထက်လှိုင်၊နန်းစန္ဒာလှထွန်းနဲ့ဆက်ယွန်းတွယ်တာနဲ့တို့ကလည်း ပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းစားနေလျက်ရှိတာပဲဖြစ်ပါတယ်။

သရုပ်ဆောင်ကောင်းတွေပီပီ ဇာတ်လမ်းတွဲထဲမှာ ကိုယ်ကျတဲ့ ဇာတ်ရုပ်တိုင်းကို သရုပ်ခဲ့ကြရတဲ့ ဆုထက်လှိုင်၊ နန်းစန္ဒာလှထွန်းနဲ့ ဆက်ယွန်းတွယ်တာတို့ဟာ ဇာတ်ကားထဲမှာ ကျော်ထက်ဇော်ရဲ့ မိန်းမတွေအဖြစ် သရုပ်ဆောင်ရပေမယ့် တကယ့်အပြင် မှာတော့ ညီအစ်မ အရင်းအချာတွေလိုချစ်ခင်ကြတဲ့သူတွေပဲဖြစ်ပါတယ်နော်။ဒီတစ်ခါမှာဆိုရင်တော့ ချစ်စရာကောင်းတဲ့ ဆုထက်လှိုင်၊ နန်းစန္ဒာလှထွန်းနဲ့ ဆက်ယွန်းတွယ်တာတို့ရဲ့ဓာတ်ပုံရိုက်ကွင်းတစ်ခုက ဗီဒီယိုလေးကို အခုလိုပဲပြောလာပါတယ်။

လတ်တလော ပရိသတ်တွေကြားထဲမှာ ရေပန်းစားနေကြတဲ့ ဆုထက်လှိုင်၊ နန်းစန္ဒာလှထွန်းနဲ့ ဆက်ယွန်းတွယ်တာတို့ကတော့ ရိုက်ကူးရေးတွေကိုဆက်တိုက်လုပ်ကိုင်နေရတာပဲဖြစ်ပါတယ်နော်။ပရိသတ်ကြီးလည်း “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမင်းသမီးလေးတွေကိုကြည့်ပြီး ကျေနပ်ကြမယ်ထင်ပါတယ်နော်။ချစ်စရာကောင်း ကြတဲ့ ဆုထက်လှိုင်၊ နန်းစန္ဒာလှထွန်းနဲ့ ဆက်ယွန်းတွယ်တာ တို့ရဲ့ဗီဒီယိုလေးကို ပရိတ်သတ်တွေအတွက်တစ်ဆင့်ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်..။

Source: Su Htet Hlaing’s fb

Credit ; Celebrity Platforms

zawgyi




