ပရိတ်သတ်ကြီးရေ….ခင်ရတနာစိုးကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးရဲ့ ပြိုင်ပွဲ ဝင်တစ်ယောက်အဖြစ်ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ ခင်ရတနာစိုးဟာ ပြိုင်ပွဲပြီးဆုံးပြီးချိန်မှာ ကပ်ရောဂါ အခြေအနေတွေနဲ့ နိုင်ငံရေးအခြေအနေ တွေကြောင့် အနုပညာလမ်းကြောင်းပေါ်ကို ရောက်သင့်သလောက် မရောက်ခဲ့သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ခင်ရတနာစိုးက သူမအနေနဲ့ အလုပ်တွေလုပ်ခဲ့ပေမယ့် လူတွေ မျက်မုန်းကျိုးရလောက်အောင်မလုပ်ခဲ့တဲ့ အကြောင်းကို အခုလိုပဲပြောပြလာပါတယ်။ ခင်ရတနာစိုးက “ခေတ်အခါကိုကြည့်၍ ညီမနယ်မှာဆိုခဲ့တဲ့ အဆိုပွဲလေးတွေတောင် လိုင်းပေါ်မတင်ပဲ အလုပ်ကိုငြိမ်သက်စွာလုပ်ခဲ့တာပါ။ ဝမ်းရေးကြောင့်အလုပ်လုပ်ရပေမယ့် ခေတ်အခါကိုကြည့်၍ ညီမလိုင်းပေါ်ကိုဘာမှမတင်ခဲ့ပါဘူး။ Live saleတွေတောင် ညီမအရင်လက်ခံလက်စတွေပဲလုပ်ခဲ့တာ အားလုံးသိပြီးသားပါ။

အခုနောက်နောင် ဖြစ်ပေါ်လာမည့် တခြားသီချင်းဆိုပြိုင်ပွဲများ ယခုအချိန်အခါမှာ ကျင်းပသည့်ပြိုင်ပွဲများကို ညီမလုံးဝပြိုင်မှာမဟုတ်ပါ။ ညီမမိသားစုဝင်ထဲမှပြိုင်ခဲ့ရင်လည်း ညီမနဲ့သက်ဆိုင်မည်မဟုတ်ပါ။ Boycott မယ်ဆိုလည်းညီမနဲ့မဆိုင်ပါ။ ညီမလည်း ဒီကာလမှာရေပေါ်ဆီလောက်ပဲလုပ်ပေးနိုင်ခဲ့ပေမယ့် ညီမလုပ်တဲ့အလုပ် ညီမပျော်တဲ့အပျော်တွေကို တတ်နိုင်သလောက် လျှော့ချပြီးငြိမ်နေပေးခဲ့တာပါ” ဆိုပြီး ပြောလာပါတယ်။

Source: Khin Yadanar Soe’s fb

Credit

zawgyi

ပရိတ္သတ္ႀကီးေရ….ခင္ရတနာစိုးကေတာ့ The Voice Myanmar သီခ်င္းဆိုၿပိဳင္ပြဲႀကီးရဲ့ ၿပိဳင္ပြဲ ဝင္တစ္ေယာက္အျဖစ္ပရိသတ္ႀကီးအားလုံးသိၿပီးသားျဖစ္မွာပါ။ ခင္ရတနာစိုးဟာ ၿပိဳင္ပြဲၿပီးဆုံးၿပီးခ်ိန္မွာ ကပ္ေရာဂါ အေျခအေနေတြနဲ႔ နိုင္ငံေရးအေျခအေန ေတြေၾကာင့္ အႏုပညာလမ္းေၾကာင္းေပၚကို ေရာက္သင့္သေလာက္ မေရာက္ခဲ့သူေလးတစ္ေယာက္ပဲျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ ခင္ရတနာစိုးက သူမအေနနဲ႔ အလုပ္ေတြလုပ္ခဲ့ေပမယ့္ လူေတြ မ်က္မုန္းက်ိဳးရေလာက္ေအာင္မလုပ္ခဲ့တဲ့ အေၾကာင္းကို အခုလိုပဲေျပာျပလာပါတယ္။ ခင္ရတနာစိုးက “ေခတ္အခါကိုၾကည့္၍ ညီမနယ္မွာဆိုခဲ့တဲ့ အဆိုပြဲေလးေတြေတာင္ လိုင္းေပၚမတင္ပဲ အလုပ္ကိုၿငိမ္သက္စြာလုပ္ခဲ့တာပါ။ ဝမ္းေရးေၾကာင့္အလုပ္လုပ္ရေပမယ့္ ေခတ္အခါကိုၾကည့္၍ ညီမလိုင္းေပၚကိုဘာမွမတင္ခဲ့ပါဘူး။ Live saleေတြေတာင္ ညီမအရင္လက္ခံလက္စေတြပဲလုပ္ခဲ့တာ အားလုံးသိၿပီးသားပါ။

အခုေနာက္ေနာင္ ျဖစ္ေပၚလာမည့္ တျခားသီခ်င္းဆိုၿပိဳင္ပြဲမ်ား ယခုအခ်ိန္အခါမွာ က်င္းပသည့္ၿပိဳင္ပြဲမ်ားကို ညီမလုံးဝၿပိဳင္မွာမဟုတ္ပါ။ ညီမမိသားစုဝင္ထဲမွၿပိဳင္ခဲ့ရင္လည္း ညီမနဲ႔သက္ဆိုင္မည္မဟုတ္ပါ။ Boycott မယ္ဆိုလည္းညီမနဲ႔မဆိုင္ပါ။ ညီမလည္း ဒီကာလမွာေရေပၚဆီေလာက္ပဲလုပ္ေပးနိုင္ခဲ့ေပမယ့္ ညီမလုပ္တဲ့အလုပ္ ညီမေပ်ာ္တဲ့အေပ်ာ္ေတြကို တတ္နိုင္သေလာက္ ေလၽွာ့ခ်ၿပီးၿငိမ္ေနေပးခဲ့တာပါ” ဆိုၿပီး ေျပာလာပါတယ္။

Source: Khin Yadanar Soe’s fb

Credit