ပရိသတ်ကြီးရေ ဖွေးဖွေးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု ကို အပြည့်အဝရရှိထားပြီး မြန်မာ့အနုပညာလောက မှာ ထိပ်တန်းမင်းသမီးတစ်လက်အနေနဲ့ ရပ်တည်နေခဲ့တဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ ဖွေးဖွေးကတော့ အကယ်ဒမီဆုကြီးကို လည်း (၃)ဆုအထိသိမ်းပိုက်ထားသူပါ။

ဖွေးဖွေးရဲ့ အနုပညာသက်တမ်းကတော့ ဆယ်စုနှစ်တစ်ခုကျော်ရှိ နေခဲ့ပြီးဖြစ်ပြီး အတိအကျဆိုရင်တော့ (၁၅)နှစ်ကျော်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဖွေးဖွေးရဲ့ အမာခံပရိသတ်တွေဖြစ်တဲ့ “ဖွေးဖွေးရဲ့ အသည်းတုံး အမာခံ အချစ်များ Gp” ကနေပြီးတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၇)ရက်နေ့ ဖွေးဖွေး ရဲ့ အနုပညာသက်တမ်း ( ၁၅) နှစ်ပြည့်အထိမ်းအမှတ် အနေနဲ့ အလှူငွေတွေလှူဒါန်းပေးခဲ့ပါသေးတယ်။

ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ Page ကနေပြီးတော့ အခုလို ချစ်ရတဲ့ Idol ကိုယ်စား စုပေါင်းပြီး လာရောက် လှူဒါန်းပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ ဂုဏ်ပြုမှတ်တမ်းတင်ဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ဖွေးစိန်လေးရဲ့ ပရိသတ်တွေကတော့ တကယ်ကို ချစ်ဖို့ကောင်းလွန်းလှပါပေတယ်နော်။

Source – ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ
Credit – CeleZone

zawgyi



Credit – CeleZone