ပရိသတ်ကြီးရေအဆိုတော်နိုင်းဝမ်းကတော့ အမိုက်စား rap သီချင်းတွေ နဲ့ လူငယ်ပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားတာလည်းဖြစ်ပါတယ်။နိုင်းဝမ်းကေ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်ကပဲ သူ့ရဲ့ချစ်သူကောင်မလေးနဲ့ ရွှေလက်တွဲလက်ထပ်ခဲ့ပြီပဲဖြစ်ပါတယ်။နိုင်းဝမ်းက ဒီကာလမှာ အလုပ်မရှိတော့ ဘေထုပ်အဝတ်အထည်ဆိုင်လေး ဖွင့်ဖြစ်ပြီး ဂျပန်၊ တိုကျိုမြို့ တစ်နေရာထဲကပဲ တိုက်ရိုက်မှာယူ ရောင်းပါတယ်။Thrift/ ဘေထုပ် အထည်ရော၊ Export Quality အထည်တွေပါ ရောင်းပါတယ်။ အထည်တိုင်းကို ဂျပန်မှာပဲ ပိုးသတ် ပြီးသားပါ။ အခြေခံ လူတန်းစားတွေ ဝယ်ဝတ် နိုင်အောင် စျေးနှုန်း အသက်သာဆုံးနဲ့ ရောင်းပေးနေတာပဲဖြစ်ပါတယ်နော်။

ဒီတစ်ခါမှာဆိုရင်တော့မကြာခင်ရက်ပိုင်းကမှဖွင့်လှစ်ထားတဲ့ သူ့ရဲ့ဘေထုပ် ဆိုင်လေးကး အချိန်ခဏလေးအတွင်းမှာ အောင်မြင်လာတဲ့အတွက် နိုင်းဝမ်းက သူ့ရဲ့ချစ်ဇနီးကို အခုလိုပဲ ချီးကျူးဂုဏ်ပြုစကားပြောလာတာကို တွေ့ရပါတယ်။နိုင်းဝမ်းက “Congratulation ပါ မိန်းမရေ 😘 May Myo Thu Kyaw .. မိန်းမရဲ့အဝတ်အထည်လုပ်ငန်းလေး ရက်ပိုင်းလေးအတွင်းမှာ ထင်မှတ် မထားလောက်အောင်ကို အောင်မြင်ကျော်ကြားရောင်းကောင်းလာတာမြင်ရတွေ့ရတော့ တကယ့်ကိုဝမ်းသာမဆုံးဖြစ်မိပါတယ်။ အခုလိုအခြေအနေလေးဖြစ်လာဖို့ ကျွန်တော်တို့ လင်မယားကိုချစ်ခင်စွာ ဝန်းရံပေးခဲ့ကြတဲ့ ချစ်ပရိတ်သတ်များနဲ့ မိတ်ဆွေကောင်းများအားလုံး၊ ဆိုင်လေးကိုဝိုင်းဝန်းကူညီကြေငြာပေးကြတဲ့မီဒီယာများအားလုံး ၊ အနယ်နယ်အရပ်ရပ်မှလာရောက်ဝယ်ယူအားပေးကြသူများအားလုံး၊ လက္ကားမှာယူအားပေ းကြသူများအားလုံးကို လေးနက်စွာကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

အခုဆို မနက် ၉နာရီ ဆိုင်မဖွင့်ခင်အချိန်ကတည်းက ဆိုင်ရှေ့မှာလာစောင့်ပြီးဝယ်ယူအားပေးကြသူတွေနဲ့ ည ၉နာရီဆိုင်ပိတ်ချိန်ထိ လူလုံးဝပြတ်မသွားအောင်စည်ကားနေတာကြောင့် ကျွန်တော်တို့ လင်မယားလဲ နေ့လည်စာပျောက်နေ တာကြာပေါ့ဗျာ😁”“မနက်မိုးလင်းကတည်းကဝယ်ယူသွားသူတွေကြောင့် နေ့ခင်းပိုင်းလောက်ရောက်ရင်ရွေးစရာသိပ်မကျန်တော့အောင်ဖြစ်ဖြစ်နေတဲ့အတွက်အရမ်းကိုအားနာလှပါတယ်ခင်ဗျာ.. အဲ့ဒီအတွက်လဲ ဆိုင်အပေါ်ထပ်မှာအထုပ်သစ်တွေဖောက်ပြီး စိတ်ကြိုက်ဝင်ရွေးနိုင်အောင်စီစဉ်ပေးထားပါတယ်။ ကျွန်တော်တို့ တစ်ဆိုင်လုံးလဲ အခုလိုချိန်ထိမအိပ်ပဲ ဈေးဝယ်သူတို့ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ဖို့ မနက်ဆိုင်ဖွင့်ချိန်မှာတစ်ဆိုင်လုံးအထည်တွေ အပြည့်ပြန်ဖြစ်နေအောင် ရှိတဲ့ဝန်ထမ်းလေးတွေနဲ့ နေ့မအားညမနား အစွမ်းကုန်ကြိုးစားပြင်ဆင်ပေးနေပါတယ်ခင်ဗျာ။

ဒီရက်ပိုင်းလူအရမ်းများနေလို့ ကျွန်တော်တို့ဆိုင်ဘက်က လိုအပ်ချက်များ၊ အားနည်းချက်များရှိခဲ့ပါက နားလည်ခွင့်လွတ်ပေးကြဖို့အနူးအညွတ်တောင်းပန်အပ်ပါတယ်🙏 အတွေ့အကြုံလုံးဝမရှိသေးတဲ့အလုပ်တစ်ခုဖြစ်တာကြောင့် အစစအရာရာ မှာ လစ်ဟာမှုတွေမရှိအောင် အားကုန်သုံး၍ကြိုးစားပြင်ဆင်နေကြပါတယ်ခင်ဗျာ။ အွန်လိုင်းကနေလဲ လက်လီရောင်းချမှုကို ခေတ္တရပ်နားထားပါ ကြောင်းကြေငြာအပ်ပါတယ်။ လက္ကားဝယ်ယူသူများအတွက်လဲ မြန်မာပြည်တစ်ဝှမ်းလုံးကို အမြန်ဆုံးပို့ဆောင်ပေးနေပါတယ်ခင်ဗျာ။ သမာအာဇီဝလုပ်ငန်းလေးဖြစ်လို့ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း များစွာကျေနပ်မိပါတယ်။ ရှေ့ဆက်ပြီး ယခုလိုပဲ အမြဲတမ်းချစ်ခင်စွာဝန်းရံ အားပေးကြပါအုံးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ😍” ဆိုပြီး နိုင်းဝမ်းက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။


Source: Kyaw Zin Latt ‘s fb

Credit

zawgyi

ပရိသတ္ႀကီးေရအဆိုေတာ္နိုင္းဝမ္းကေတာ့ အမိုက္စား rap သီခ်င္းေတြ နဲ႔ လူငယ္ပရိသတ္ေတြရဲ့အားေပးမႈကိုရရွိထားတာလည္းျဖစ္ပါတယ္။နိုင္းဝမ္းေက ၿပီးခဲ့တဲ့ (၂၀၂၀) ခုႏွစ္ကပဲ သူ႔ရဲ့ခ်စ္သူေကာင္မေလးနဲ႔ ေရႊလက္တြဲလက္ထပ္ခဲ့ၿပီပဲျဖစ္ပါတယ္။နိုင္းဝမ္းက ဒီကာလမွာ အလုပ္မရွိေတာ့ ေဘထုပ္အဝတ္အထည္ဆိုင္ေလး ဖြင့္ျဖစ္ၿပီး ဂ်ပန္၊ တိုက်ိဳၿမိဳ႕ တစ္ေနရာထဲကပဲ တိုက္ရိုက္မွာယူ ေရာင္းပါတယ္။Thrift/ ေဘထုပ္ အထည္ေရာ၊ Export Quality အထည္ေတြပါ ေရာင္းပါတယ္။ အထည္တိုင္းကို ဂ်ပန္မွာပဲ ပိုးသတ္ ၿပီးသားပါ။ အေျခခံ လူတန္းစားေတြ ဝယ္ဝတ္ နိုင္ေအာင္ ေစ်းႏႈန္း အသက္သာဆုံးနဲ႔ ေရာင္းေပးေနတာပဲျဖစ္ပါတယ္ေနာ္။

ဒီတစ္ခါမွာဆိုရင္ေတာ့မၾကာခင္ရက္ပိုင္းကမွဖြင့္လွစ္ထားတဲ့ သူ႔ရဲ့ေဘထုပ္ ဆိုင္ေလးကး အခ်ိန္ခဏေလးအတြင္းမွာ ေအာင္ျမင္လာတဲ့အတြက္ နိုင္းဝမ္းက သူ႔ရဲ့ခ်စ္ဇနီးကို အခုလိုပဲ ခ်ီးက်ဴးဂုဏ္ျပဳစကားေျပာလာတာကို ေတြ႕ရပါတယ္။နိုင္းဝမ္းက “Congratulation ပါ မိန္းမေရ 😘 May Myo Thu Kyaw .. မိန္းမရဲ့အဝတ္အထည္လုပ္ငန္းေလး ရက္ပိုင္းေလးအတြင္းမွာ ထင္မွတ္ မထားေလာက္ေအာင္ကို ေအာင္ျမင္ေက်ာ္ၾကားေရာင္းေကာင္းလာတာျမင္ရေတြ႕ရေတာ့ တကယ့္ကိုဝမ္းသာမဆုံးျဖစ္မိပါတယ္။ အခုလိုအေျခအေနေလးျဖစ္လာဖို႔ ကၽြန္ေတာ္တို႔ လင္မယားကိုခ်စ္ခင္စြာ ဝန္းရံေပးခဲ့ၾကတဲ့ ခ်စ္ပရိတ္သတ္မ်ားနဲ႔ မိတ္ေဆြေကာင္းမ်ားအားလုံး၊ ဆိုင္ေလးကိုဝိုင္းဝန္းကူညီေၾကျငာေပးၾကတဲ့မီဒီယာမ်ားအားလုံး ၊ အနယ္နယ္အရပ္ရပ္မွလာေရာက္ဝယ္ယူအားေပးၾကသူမ်ားအားလုံး၊ လကၠားမွာယူအားေပ းၾကသူမ်ားအားလုံးကို ေလးနက္စြာေက်းဇူးတင္ရွိပါတယ္ခင္ဗ်ာ။

အခုဆို မနက္ ၉နာရီ ဆိုင္မဖြင့္ခင္အခ်ိန္ကတည္းက ဆိုင္ေရွ႕မွာလာေစာင့္ၿပီးဝယ္ယူအားေပးၾကသူေတြနဲ႔ ည ၉နာရီဆိုင္ပိတ္ခ်ိန္ထိ လူလုံးဝျပတ္မသြားေအာင္စည္ကားေနတာေၾကာင့္ ကၽြန္ေတာ္တို႔ လင္မယားလဲ ေန႔လည္စာေပ်ာက္ေန တာၾကာေပါ့ဗ်ာ😁”“မနက္မိုးလင္းကတည္းကဝယ္ယူသြားသူေတြေၾကာင့္ ေန႔ခင္းပိုင္းေလာက္ေရာက္ရင္ေရြးစရာသိပ္မက်န္ေတာ့ေအာင္ျဖစ္ျဖစ္ေနတဲ့အတြက္အရမ္းကိုအားနာလွပါတယ္ခင္ဗ်ာ.. အဲ့ဒီအတြက္လဲ ဆိုင္အေပၚထပ္မွာအထုပ္သစ္ေတြေဖာက္ၿပီး စိတ္ႀကိဳက္ဝင္ေရြးနိုင္ေအာင္စီစဥ္ေပးထားပါတယ္။ ကၽြန္ေတာ္တို႔ တစ္ဆိုင္လုံးလဲ အခုလိုခ်ိန္ထိမအိပ္ပဲ ေဈးဝယ္သူတို႔ရဲ့လိုအပ္ခ်က္ကိုျဖည့္ဆည္းေပးနိုင္ဖို႔ မနက္ဆိုင္ဖြင့္ခ်ိန္မွာတစ္ဆိုင္လုံးအထည္ေတြ အျပည့္ျပန္ျဖစ္ေနေအာင္ ရွိတဲ့ဝန္ထမ္းေလးေတြနဲ႔ ေန႔မအားညမနား အစြမ္းကုန္ႀကိဳးစားျပင္ဆင္ေပးေနပါတယ္ခင္ဗ်ာ။

ဒီရက္ပိုင္းလူအရမ္းမ်ားေနလို႔ ကၽြန္ေတာ္တို႔ဆိုင္ဘက္က လိုအပ္ခ်က္မ်ား၊ အားနည္းခ်က္မ်ားရွိခဲ့ပါက နားလည္ခြင့္လြတ္ေပးၾကဖို႔အႏူးအညြတ္ေတာင္းပန္အပ္ပါတယ္🙏 အေတြ႕အၾကဳံလုံးဝမရွိေသးတဲ့အလုပ္တစ္ခုျဖစ္တာေၾကာင့္ အစစအရာရာ မွာ လစ္ဟာမႈေတြမရွိေအာင္ အားကုန္သုံး၍ႀကိဳးစားျပင္ဆင္ေနၾကပါတယ္ခင္ဗ်ာ။ အြန္လိုင္းကေနလဲ လက္လီေရာင္းခ်မႈကို ေခတၱရပ္နားထားပါ ေၾကာင္းေၾကျငာအပ္ပါတယ္။ လကၠားဝယ္ယူသူမ်ားအတြက္လဲ ျမန္မာျပည္တစ္ဝွမ္းလုံးကို အျမန္ဆုံးပို႔ေဆာင္ေပးေနပါတယ္ခင္ဗ်ာ။ သမာအာဇီဝလုပ္ငန္းေလးျဖစ္လို႔ ဘယ္ေလာက္ပဲ ပင္ပန္းပင္ပန္း မ်ားစြာေက်နပ္မိပါတယ္။ ေရွ႕ဆက္ၿပီး ယခုလိုပဲ အျမဲတမ္းခ်စ္ခင္စြာဝန္းရံ အားေပးၾကပါအုံးလို႔ ဖိတ္ေခၚပါတယ္ခင္ဗ်ာ😍” ဆိုၿပီး နိုင္းဝမ္းက သူ႔ရဲ့ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

Source: Kyaw Zin Latt ‘s fb

Credit