ပရိသတ်ကြီးရေ အိချောပိုကတော့ မြန်မာနိုင်ငံ အနုပညာရှင်တွေထဲမှာ ဆိုရင်တော့ Body ကောက်ကြောင်းအရမ် လှတဲ့ မင်းသမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ အလှကတော့ မြန်မာဆန်တဲ့ ဂစ်တာ Shape လို ကောက်ကြောင်း မျိုးလေး ကို ပိုင်ဆိုင်ထားသူ လေးပါ။ မျက်ခုံး ၊ မျက်လုံး ၊ ဆံကေ သာ အပြစ် ပြောစရာမရှိအောင် လှပတဲ့ မင်းသမီးလေး ဖြစ်ပြီး သူမကို ချစ်တဲ့ ပရိသတ် တွေ က တော့ ချစ်စနိုး နဲ့ စူစူ ဆိုပြီး ခေါ် ကြပါတယ်။

ဇန်နဝါရီလ (၃) ရက်နေ့က အိချောပိုရဲ့ မွေးနေ့လေး ဖြစ်ပြီး မွေးနေ့ ရက်မြတ်နေ့ရက်လေးမှာ တော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး အိချောပိုကတော့ အသက် (၃၁)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ အသက် (၃၀) ကျော်လို့ မထင်မှတ်ရအောင်ကို နုပျိုလှပနေဆဲပဲ ဖြစ်ပါတယ်။

မွေးနေ့မှာ အနီရောင် ကိုယ်ကျပ်ဝတ်စုံလေးနဲ့ လှချင်တိုင်း လှနေသူလေးရဲ့ အသက်ဝင်တဲ့အပြုံးတွေကတော့ စွဲဆောင်မှုအရှိဆုံးပါပဲ။ မွေးနေ့ဆုတောင်းပေးသူနဲ့ လက်ဆောင်ပေးကြသူတွေကို ”မွေးနေ့မှာ မေတ္တာထားဆုတောင်းပေးကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကိုရင်ထဲကနေ တကယ်ကျေးဇူးတင်ပါတယ် ❤️ ” ဆိုပြီး သူမက ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။ လှပလွန်းနေတဲ့ အိချောပို ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Source: Ei Chaw Po

ZAWGYI




Source: Ei Chaw Po