တစ်နေ့ထက်တစ်နေ့ ပွဲပြိုင်ဇာတ်ရှိန်တွေမြင့် လာတဲ့ ဇာတ်တွဲလေး ကတော့ လက်ရှိပြသနေတဲ့“ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဖြစ်ပါတယ်။.ဒီဇာတ်လမ်းတွေဟာ ပရိတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတာလည်းဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်ဇော် ၊ ဆုထက်လှိုင်၊ နန်းစန္ဒာလှထွန်းဟာ ပရိတ်သတ်အားရဲ့ ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

ဒီဇာတ်လမ်းတွဲမှာ ပရိတ်သတ်တွေကတော့ မေဦးအဖြစ်သရုပ်ဆောင်ထားတဲ့ ဆုထက်လှိုင်ကို တချိန်က နာမည်ကြီးရုပ်ရှင်ဇာတ်ကားကြီး “ချည်”လမ်းထဲက သက်မွန်မြင့်နဲ့ ယှဥ်တွဲကာ “မြန်မာနိုင်ငံလုံးဆိုင်ရာ ” မောင်ထိပ်ထားစံ အသင်းအဖွဲ့ ချုပ်ကြီး ရဲ့ ရှေ့ဆောင်လမ်းပြ ခေါင်းကိုင်မိခင်ကြီးနှစ်ဦး” ဆိုပြီး စနောက်ကျီစယ်နေတာပဲဖြစ်ပါတယ်။

ပရိတ်သတ်တွေ ရဲ့ စနောက်မှူကိုလည်း သဘောကျနေတဲ့ ဆုလှိုင်ထက်တော့ သူရဲ့ အကောင့်မှာလည်း ပြန်လည်ဂေမျှထားပါတယ်။“ချည်”ရုံကြီးကားမှာ သက်မွန်မြင့်အနေနဲ့ လင်ယောကျာ်ရဲ့ ဖောက်ပြန်မှုတွေကို သည်းခံမြိုသိပ် ခဲ့ရတဲ့ ဇနီးနေရာမှာ ပါဝင်ထားသလို“ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်”ဇာတ်လမ်းတွဲမှာလည်း ဆုလှိုင်ထက်အနေနဲ့ လင်ယောကျာ်းရဲ့ ဖောက်ပြန်ငြိုငြင်မှုတွေ သည်းခံရင်း ဂုဏ်သိက္ခာသိမ်းခဲ့တဲ့ ရင့်ကျက်တဲ့ ဇနီးမယားအဖြစ် သရုပ်ဆောင် ထားတာဖြစ်ပါတယ်။

Credit.

zawgyi




Credit.