ပရိသတ်ကြီးရေသရုပ်ဆောင်ထက်ထက်မိုးဦးကတော့ ကြောငြာမင်းသမီးကြီးလို့ တင်စားရတဲ့အထိ တစ်ချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့အချိန်ထိလည်း ထက်ထက်မိုးဦးရဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေဆဲဖြစ်ပြီး တန်ဖိုးကြီးပစ္စည်းတွေနဲ့ ရတနာတွေကို live လွှင့်ရောင်းချပြီး အောင်မြင်နေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ထက်ထက်က လည်ပင်းမှာ အကျိတ်တွေ့လို့ ဘန်ကောက်မှာ ခွဲစိတ်ကုသမှုခံယူရမယ့် အကြောင်း ပရိသတ်တွေကို အသိပေးလာတာလည်းဖြစ်ပါတယ်။

ထက်ထက်ကလွန်ခဲ့တဲ့ (၅) နှစ်လောက်က လည်ပင်းမှာ ကြက်ဥလုံးလောက် ရှိတဲ့ အကျိတ်တွေ့လို့ ဘန်ကောက်မှာ သွား ခွဲစိတ်ခဲ့ရတယ်။ အခု ဆေးရုံမှာ ထပ်စစ်ကြည့်လိုက်တော့ နောက်ထပ် အကျိတ် တွေ့လို့ စိတ်ပူ သွားတယ်။ ဘန်ကောက်မှာ ဆေးသွားပြန်စစ်ဖို့ ရှိပါတယ် ဆိုပြီးပြောပြလာတာဖြစ်ပါတယ်။

Credit…..

zawgyi




Credit…..