ပရိသတ်ကြီးရေ အသံပါဝါကောင်းကောင်း နဲ့ ဂီတလောကမှာ အောင်မြင်မှုတွေ ရရှိထားတဲ့ သူကတော့ အဆိုတော် သားငယ်ပဲ ဖြစ်ပါတယ်။ သားငယ်ဟာ Myanmar Idol မှာ ဝင်ရောယှဉ်ပြိုင်ရင်း ဂီတလမ်းမှာ လျှောက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရင်ထဲထိရောက်စေတဲ့ သီချင်း Album များလည်း ထွက်ရှိခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးကြိုက် နှစ်သက်မှုကို လည်း ရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ပျော်ရွှင်စရာ ကောင်းတဲ့ အိမ်ထောင်တစ်ခုကို တည်ထောင်ထားတဲ့ သားငယ်ဟာ အဆိုတော် မဖြစ်ခင်ကတည်းက လုပ်ကိုင်နေတဲ့ သူ့ရဲ့ အကြော်ရောင်းတဲ့အလုပ်ကိုသာ လုပ်ကိုင် နေတာ ဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ သားငယ်က သူ့ရဲ့အကြော်ဆိုင်လေး ကို ပရိသတ်တွေ လမ်းကြုံရင် ဝင်လာကြဖို့ ဖိတ်ခေါ်လာခဲ့တာ တွေ့ရ ပါတယ်။

သားငယ်က သူ့ ရဲ့ အကြော်ဆိုင်လေးကို ပြင်ဦးလွင် ၂၁ မိုင်မှာ ဖွင့်လှစ် ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ လူမှုကွန်ယက်မှာ တော့ ” ပဲစိမ်းကြော် ရောင်းတဲ့ သားငယ်ပါ ပြင်ဦးလွင် ၂၁ မိုင် ရောက်ရင် ဝင်ခဲ့နော်…ဖိတ်ပါတယ် “ဆိုပြီး ရေးသား ထားခဲ့ပါတယ်။ သူ့ရဲ့ ပဲကြော်လေးတွေ ကလည်း မြင်တာ နဲ့ တင် ဘယ်လောက်ထိကောင်းမလဲဆိုတာ သိနိုင် ပါတယ်။ ချစ်ပရိသတ်တွေလည်း ပြင်ဦးလွင်သို့ အလည်တစ်ခေါက်ရောက်ခဲ့ရင် သားငယ်ရဲ့ အကြော်ဆိုင်ကို သွားရောက်အားပေးလိုက်ပါဦး..။

Source – Thar Nge
Credit…MMLoad

ZAWGYI




Source – Thar Nge
Credit…MMLoad