ပရိသတ်ကြီးရေ ရတနာမိုင် ကတော့ ဒီနေ့မှာ သီချင်းအသစ်လေး တစ်ပုဒ် ထပ်မံထွက်ရှိလာခဲ့ပြီး သူ့ရဲ့လူမှု ကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ သီချင်းလေး ကတော့ သူ့ရဲ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကြီးကို လွမ်းဆွတ် တမ်းတစွာနဲ့ ခံစားချက် တွေကို ထည့်သွင်း ရေးသားထားခဲ့တဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ရတနာမိုင်ရဲ့ ဖခင်ကြီး ကတော့ ကွယ်လွန်သွားတာ ( ၆ )လပြည့်သွားခဲ့ပြီ ဖြစ်ပြီး ရတနာမိုင် နဲ့ သူ့ရဲ့ မေမေ ကတော့ အမြဲတမ်းဖခင်ကြီးအတွက် ကောင်းမှုတွေပြုလုပ်ပေး နေခဲ့ပါသေးတယ်။

ရတနာမိုင် ကတော့ ဖခင်ကြီး ကွယ်လွန်သွားတာ (၆) လပြည့်သွားခဲ့ပြီမို့ ဖခင်ကြီးမရှိတော့တဲ့ (၆)လ အတွင်းသူ့ရဲ့ခံစားရတဲ့ လွမ်းဆွတ် တမ်းတမှုတွေကို သီချင်းလေးအဖြစ် ပြောင်းလဲကာ ဖခင်ကြီးအတွက် ရည်ရွယ် တဲ့ ဒီသီချင်း ကို သီဆို ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ သီချင်းလေး ရဲ့ နာမည်ကတော့ “လွမ်းတယ်ဖေဖေ” လို့ နာမည်ပေးထားပြီး ခံစားချက်အစစ် အမှန် နဲ့ သီဆိုထားခဲ့တဲ့ သီလေးဖြစ်တာ ကြောင့် သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ပရိသတ်ကြီးရေ နားထောင်တဲ့ သူတွေကတော့ သီချင်းလေးထဲ မှာ ဖခင်ကြီးကို ချစ်တဲ့ ရတနာမိုင် ရဲ့ အချစ်တွေကို ခံစားမိတာကြောင့် သီချင်းလေးကိုနားထောင်ပြီး မျက်ရည်တောင်ကျ နေခဲ့ကြရပါတယ်တဲ့။

Source – Yadanar My
crd – CeleZone

ZAWGYI




Source – Yadanar My
crd – CeleZone