မြန်မာနိုင်ငံရဲ့ အနုပညာလောက အသိုင်းအဝိုင်းထဲ မှာ တစ်ဦး အပေါ် တစ်ဦး ချစ်ခင် ကြင်နာလွန်းတတ်ကြပြီး နှစ်အကြာကြီး သစ္စာရှိရှိ ချစ်ကြတဲ့ အနုပညာရှင်စုံတွဲတွေရှိသလို အဆိုပါ စုံတွဲတွေထဲ အဆိုတော်ကျော်ထွဋ်ဆွေ နဲ့ မော်ဒယ် နန်းသူဇာ တို့ပါ အပါအဝင်ဖြစ်ပါတယ်။

အနုပညာရှင်စုံတွဲဖြစ်တဲ့ အဆိုတော် ကျော်ထွဋ်ဆွေ နဲ့ မော်ဒယ် နန်းသူဇာ တို့ စုံတွဲ ဘယ်တော့ လက်ထပ်ကြမလဲဆိုတာကိုလည်း ပရိသတ်တွေက အမြဲလိုလို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ကြတာမှာ အခုတော့ သူတို့ စုံတွဲလေးဟာ လက်ထပ် ကြတော့မှာပဲဖြစ်ပါတယ်။

ကိုကျော်ထွဋ်ဆွေ ဟာ ဇွန်လ(၂၂)ရက်နေ့က သူ့ဘဝအတွက် အရေးပါပြီး ချစ်ရသူ မနန်းသူဇာ ကို လက်ထပ်ခွင့် တောင်းခဲ့တာဖြစ်ပြီး အဆိုပါ လက်ထပ်ခွင့်ကို မနန်းသူဇာက လက်ခံခဲ့တာပဲဖြစ်ပါတယ်။ လက်ထပ်ခွင့် တောင်းတဲ့အထဲ ဘော်ဒါတွေ ဖြစ်ကြတဲ့ အဆိုတော် လွှမ်းပိုင် နဲ့ Bobby Soxer တို့ စုံတွဲ ၊ အဆိုတော် ဘန်နီဖြိုး ၊ မင်းသမီး နန်းမြတ်ဖြိုးသင်း အပြင် အခြားသူငယ်ချင်း တွေကလည်း ဝိုင်းဝန်းကူညီခဲ့ကြပါတယ်။ မနန်းသူဇာကို ကိုကျော်ထွဋ်ဆွေ ဘယ်လိုလက်ထပ်ခွင့်တောင်းသလဲဆိုတာ ပရိသတ်ကြီး ကြည့်ရှုခံစား နိုင်စေရန်ဖော်ပြပေးလိုက်ရပါတယ်။

Credit…MMLoad

ZAWGYI




Credit…MMLoad