ထိုင်းနိုင်ငံ ရဲ့ ထိပ်တန်း မင်းသားချော တစ်ယောက်ဖြစ်တဲ့ James Jirayu ဟာ ဆိုရင်ဖြင့် နှုတ်ခမ်းနီ မလေးတွေရဲ့ အသည်းစွဲ ပြည်တွင်းမှာ သာမက ပြည်ပ နိုင်ငံတွေထိပါ အောင်မြင် ကျော်ကြားနေတဲ့ မင်းသားချော တစ်ယောက်ပဲ ဖြစ်ပါတယ်။ မင်းသားချောလေး James ဟာ တည်ကြည် ခန့်ညားပြီး ချစ်ဖို့ကောင်းတဲ့ ရုပ်ရည်တွေကြောင့် ပရိတ်သတ် အားပေးမှု အခိုင်အမာ ရရှိထားပြီး

မြန်မာနိုင်ငံက ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှု့ ကိုလည်း ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ဟာ ဆိုရင်လည်း ချောမောလှပတဲ့ မင်းသမီးလေး တစ်ဦး ဖြစ်သလို သရုပ်ဆောင်မှု ပိုင်းမှာလည်းထူးချွန်တဲ့ အကယ်ဒမီ မင်းသမီးချော တစ်ယောက်လည်း ဖြစ်ပါတယ်နော်။ ထိုင်းနိုင်ငံရဲ့ မင်းသားချော James နဲ့ မြန်မာ မင်းသမီးလေး ဝတ်မှုံရွှေရည်တို့ဟာ ဆုံတွေ့ခဲ့ ဘူးပြီး

ပွဲအခမ်းအနား တစ်ခုမှာ နှစ်ယောက်သား ဆုံတွေ့ခဲ့ ကြတာလည်း ဖြစ်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ထိပ်တန်း အနုပညာ ရှင်တွေဖြစ်တဲ့ သူတို့နှစ်ဦးဟာ ဆုံတွေ့ကြစဉ်မှာ အမှတ်တရ ဓါတ်ပုံလေး ရိုက်ကူးခဲ့ကြပြီး လိုက်ဖတ်လွန်း လှသူတွေ အဖြစ်တောင် ပရိတ်သတ်တွေက တင်စားခဲ့ကြတာလည်း ဖြစ်ပါ
တယ်နော်။ ပရိတ်သတ်ကြိး အတွက် သူတို့နှစ်ဦးရဲ့ အမှတ်တရ ပုံရိပ် လေးတွေကိုလည်း ပြန်လည် ဖော်ပြ ပေးလိုက် ပါတယ်နော်။

Credit…..

ZAWGYI




Credit…..