ပရိတ်သတ်ကြီးရေ..ရုပ်ရှင် နဲ့ ဗီဒီယိုလောကမှာ ဇာတ်ပို့သရုပ်ဆောင်အနေ နဲ့ ပါဝင်ခဲ့တဲ့ အဖွားဒေါ်သဲနုခိုင် ဟာဆိုရင် ပြည်သူချစ် မင်းသမီးချောလေးယွန်းယွန်းရဲ့ချစ်ရတဲ့အဖွားပဲ ဖြစ်ပါတယ်နော်။ဒီကနေ့မှာဆိုရင် ရုပ်ရှင်သရုပ်ဆောင်ဒေါ်သဲနုခိုင် သည် ယနေ့ ဇန်နဝါရီလ ၂၉ ရက် နံနက် ၁ နာရီ မိနစ် ၅၀ အချိန်က နှလုံးရောဂါဖြင့် ကွယ်လွန်သွားတာ ပဲဖြစ်ပါတယ်နော်။

ဒီသတင်းကိုကြားရတဲ့အချိန်မှာ အနုပညာအသိုင်းဝိုင်းမှ အနုပညာရှင် တော်တော်များများလည်းစိတ်မကောင်းဖြစ်နေတာကို တွေ့ရပါတယ်နော်..။အနုပညာ
ကြယ်တစ်ပွင့်ထပ်မံကြွေလွင့်သွားတဲ့အတွက် အလွန်စိတ်မကောင်းဖြစ်ရပါတယ်နော်။

အဖွားဒေါ်သဲနုခိုင် ဟာဆိုရင် ယနေ့ကွယ်လွန်ချိန် မှာ အသက် (၈၂) နှစ်ရှိပြီပဲ ဖြစ်ပါတယ်နော်။အဖွားဒေါ်သဲနုခိုင် ကွယ်လွန်သွားတဲ့ အတွက် မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်နော်။အဖွားတစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်။

Credit…..

ZAWGYI




Credit…..