ပရိသတ်ကြီးရေ အသက် (၁၀) နှစ်အရွယ် သရက်ကင်သည်လေး ဂျမ်းတော ဆိုတဲ့ကောင်မလေးက မိသားစု စားဝတ်နေရေး အတွက် ခက်ခက်ခဲခဲရှာဖွေ ရုန်းကန်နေသူဖြစ်ပြီး စကားကို အမြန်ပြောရင်းကနေ လူမှုကွန်ယက်ပေါ် မှာ နာမည်ကြီးလာခဲ့ သူလေးပဲ ဖြစ်ပါတယ်။

ဂျမ်းတောလေးက မွေးချင်း မောင်နှမ (၁၀)ယောက်လုံး ကို သရက်ကင်ရောင်းရင်း ရှာဖွေ ကျွေးနေတာဖြစ်ပါတယ်။ ဂျမ်းတောလေးရဲ့ အမေဖြစ်သူကလည်း မကြာသေးခင်ရက်ပိုင်းလေးကပဲ ကွယ်လွန် သွားခဲ့တာကြောင့် ပရိသတ်တွေကလည်း ဂရုဏာ သက်နေကြတာပါ။ ပရိသတ်တွေကလည်း သူတို့မိသားစု စားဝတ်နေရေးလေး အဆင်ပြေအောင် တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးနေကြတာဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက အလှူရှင်တွေ ကစုပြီး ဂျမ်းတော တို့ သားအဖကို သိန်း ၂၀ ကျော်ကို ကိုစည်သူက ကိုယ်စားသွားလှူပေးခဲ့တာဖြစ်ပါတယ်။ ဂျမ်းတောလေးလည်း သရက်ကင် တွေကို ပင်ပင်ပန်းပန်း လိုက်လံရောင်းချနေရ စရာမလိုတော့ဘဲ သားအဖတွေ ကိုယ်ပိုင်စီးပွားရေးလုပ်နိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဂျမ်းတောတို့ မိသားစုလေးလည်း စီးပွားရေးတွေ အဆင်ပြေပြီး ခက်ခဲတဲ့ ဘဝတွေကနေ ရုန်းထွက်နိုင် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: စည်သူဘီးကျဲ

ZAWGYI

ပရိသတ္ႀကီးေရ အသက္ (၁၀) ႏွစ္အရြယ္ သရက္ကင္သည္ေလး ဂ်မ္းေတာ ဆိုတဲ့ေကာင္မေလးက မိသားစု စားဝတ္ေနေရး အတြက္ ခက္ခက္ခဲခဲရွာေဖြ ႐ုန္းကန္ေနသူျဖစ္ၿပီး စကားကို အျမန္ေျပာရင္းကေန လူမႈကြန္ယက္ေပၚ မွာ နာမည္ႀကီးလာခဲ့ သူေလးပဲ ျဖစ္ပါတယ္။

ဂ်မ္းေတာေလးက ေမြးခ်င္း ေမာင္ႏွမ (၁၀)ေယာက္လုံး ကို သရက္ကင္ေရာင္းရင္း ရွာေဖြ ေကၽြးေနတာျဖစ္ပါတယ္။ ဂ်မ္းေတာေလးရဲ့ အေမျဖစ္သူကလည္း မၾကာေသးခင္ရက္ပိုင္းေလးကပဲ ကြယ္လြန္ သြားခဲ့တာေၾကာင့္ ပရိသတ္ေတြကလည္း ဂ႐ုဏာ သက္ေနၾကတာပါ။ ပရိသတ္ေတြကလည္း သူတို႔မိသားစု စားဝတ္ေနေရးေလး အဆင္ေျပေအာင္ တတ္နိုင္သေလာက္ ပါဝင္လႉဒါန္းေပးေနၾကတာျဖစ္ပါတယ္။

ဒီတစ္ေခါက္မွာလည္း ထိုင္းနိုင္ငံက အလႉရွင္ေတြ ကစုၿပီး ဂ်မ္းေတာ တို႔ သားအဖကို သိန္း ၂၀ ေက်ာ္ကို ကိုစည္သူက ကိုယ္စားသြားလႉေပးခဲ့တာျဖစ္ပါတယ္။ ဂ်မ္းေတာေလးလည္း သရက္ကင္ ေတြကို ပင္ပင္ပန္းပန္း လိုက္လံေရာင္းခ်ေနရ စရာမလိုေတာ့ဘဲ သားအဖေတြ ကိုယ္ပိုင္စီးပြားေရးလုပ္နိုင္ေတာ့မွာပဲ ျဖစ္ပါတယ္။ ဂ်မ္းေတာတို႔ မိသားစုေလးလည္း စီးပြားေရးေတြ အဆင္ေျပၿပီး ခက္ခဲတဲ့ ဘဝေတြကေန ႐ုန္းထြက္နိုင္ ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: စည္သူဘီးက်ဲ