ပရိသတ်ကြီးရေ ရုပ်ရှင် မင်းသားကြီးတစ်ဦးဖြစ်တဲ့ လွင်မိုး နဲ့ အစ်ကို တော်စပ်သူတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ မောင်သီ ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်။ Myanmar Got Talent ပြိုင်ပွဲကြီးမှာ ဒိုင်တစ်ယောက်အဖြစ် ပါဝင်ခဲ့တဲ့ ဒါရိုက်တာ‌ မောင်သီ ဟာ ရုပ်ရှင် ဇာတ်ကားကောင်းများစွာကို ဖန်တီးရိုက်ကူးနိုင်တဲ့ ဒါရိုက်တာတစ်ဦးလဲဖြစ်ပါတယ်။

အခုလက်ရှိ MRTV-4 မှာ ထုတ်လွှင့် ပြသနေတဲ့ မကြေးစည် ဇာတ်လမ်း တွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကို ချီးကျူးစကား ဆိုလိုက်ပါတယ်။ မကြေးစည် ဇာတ်ကားဟာ ပရိသတ် တွေကြားမှာ အတော်လေးနာမည်ကြီး အောင်မြင်နေပြီး ပရိသတ်တိုင်း ညစဉ် စောင့်ကြည့်အားပေးနေရတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒါရိုက်တာမောင်သီဟာ “ပေါက်ကြီး နှင့် သံလုံး တာ ဝန်ကျေကြပြီ။ မျှော်လင့်ထားတဲ့အတိုင်း အကောင်းဆုံးကြိုးစားကြလို့ ကျေနပ်တယ်” လို့ သူ့ရဲ့လူမူ့ကွန်ယက်ပေါ် မှာ ရေးသားတာကို တွေ့ရပါတယ်။

မကြေးစည် ဇာတ်လမ်းတွဲမှာ အကောင်းဆုံး သရုပ်ဆောင်ထားတဲ့ သူတွေအနက် ” အရူးပေါက်ကြီး” ကာရိုက်တာ ကို သရုပ်ဆောင်တဲ့ ဦးကံပွင့် အတွက်ဂုဏ်ပြုစကားလဲ ဆိုထားပါသေးတယ်။ ပရိသတ်ကြီးရေ မကြေးစည် ဇာတ်လမ်းတွဲကို ကြည့်ဖြစ်ကြလား၊ ဘယ်ကာ ရိုက်တာ ဘယ်ဇာတ်ကောင်တွေကို အကြိုက်ဆုံးလဲ ပြောပေးခဲ့ပါအုန်းနော်။ပရိသတ်ကြီးလည်း မကြေးစည် ဇာတ်ကားတည်းမှာ ဘယ်သူ့ကို အကြိုက်ဆုံးလည်း ဆိုတာကို ပြောခဲ့ကြအုံးနော်…..။

Credit……

ZAWGYI




Credit…..