ပြည်သူချစ် အနုပညာရှင်တစ်ဉီးဖြစ်တဲ့ ပိုင်တံခွန် ကတော့ ပြည်တွင်းရော ပြည်ပမှာပါ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ မင်းသားချောလေးတစ်ယောက်ဖြစ်ပါတယ်။ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောက ကို ဝင်ရောက်ခဲ့တဲ့ ပိုင်တံခွန်က အခုဆိုရင် ရုံတင် ရုပ်ရှင်ကားကြီးတွေမှာပါ မင်းသားအဖြစ်ရိုက်ကူးနိုင်သည်ထိကို အောင်မြင်နေပြီပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်က လတ်တလော မှာတော့ ကြော်ငြာတွေကိုသာ လက်ခံရိုက်ကူးနေပြီး အားတဲ့အချိန်လေးတွေမှာ သူချစ်ရတဲ့ တိရစ္ဆာန်လေးတွေနဲ့ ကုန်ဆုံးလေ့ရှိပါတယ်။ ဒါ့အပြင် သူဝါသနာပါရာ တစ်ခုဖြစ်တဲ့ ပန်းချီကိုလည်း သူ့ရဲ့ အားလပ်ချိန်လေးတွေမှာ ဆွဲလေ့ရှိပါတယ်။

ပိုင်တံခွန်က သူ့ကိုချစ်တဲ့ ပရိသတ်တွေအတွက် သူ့ရဲ့လှုပ်ရှားမှုလေးတွေကို အမြဲ ဖော်ပြလေ့ရှိပါတယ်။ ဒီတစ်ခါမှာလည်း သူကိုယ်တိုင်ပန်းချီဆွဲနေတဲ့အဆုံးသတ်လေးကို Video လေးကို မျှဝေလာတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန် တစ်ယောက် အိမ်နေရင်း အင်္ကျီလေးနဲ့ မှုန်ကုတ်ကုတ်လေးဆွဲနေတာလေးက ချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ်။

Credit : MMLoad

zawgyi




Credit : MMLoad