


Source: Myat Wai Tun’s fb

သရုပ်ဆောင် အကယ်ဒမီမြင့်မြတ်ကတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေချစ်ကြတဲ့ မင်းသားတစ်ယောက်ဆိုပေမယ့် ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်မှာ တပ်တွင်းသင်္ကြန်ကိုသွားရောက်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရတာပဲဖြစ်ပါတယ်..။ မြင့်မြတ်ဟာ ပရိသတ်ဝေဖန်မှုကို ရရှိပြီးနောက်ပိုင်း ပရိသတ်တွေရှေ့ကနေ လုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး လှုမှုကွန်ယက်စာမျက်နှာကိုပါ အသုံးမပြုတော့တာပဲဖြစ်ပါတယ်..။

အခုဆိုရင် ဒုတိယမြောက်ရင်သွေးလေးကို ရရှိပိုင်ဆိုင်နေပြီဖြစ်တဲ့ မြင့်မြတ်ဟာ သူ့ရဲ့ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်ပြီး လုံးဝချမပြတော့တာပဲဖြစ်ပါတယ်..။ ဒါပေမယ့် မြင့်မြတ်ရဲ့ မန်နေဂျာကတော့ မြင့်မြတ်ရဲ့သားလေး မြတ်သူရဲ့ ဓာတ်ပုံလေးတွေကိုချပြနေပြီး မြတ်သူလေးက ပရိသတ်နဲ့မတွေ့ရတဲ့ လတွေမှာ တော်တော်လေးကြီးပြင်းလာခဲ့ပြီဖြစ်တာကို တွေ့ရပါတယ်..။

မြတ်သူလေးကတော့ တဖြည်းဖြည်းကြီးပြင်းလာခဲ့ပြီဆိုတာကိုတွေ့ရပေမယ့် မြင့်မြတ်ရဲ့ ဒုတိယမြောက်ရင်ေ သွးလေးကတော့ အခုထိ ပရိသတ်တွေမမြင်ဖူးသေးသလို မြင့်မြတ်ကိုယ်တိုင်ကလည်း ချပြထားခြင်းမရှိသေးပါဘူ..း။

Credit ; Myanamr Celebrities