


Source: Ei Chaw Po ‘s fb


ပရိသတ်တွေက စူစူ လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးချောလေး အိချောပိုကတော့ အပြစ်ရယ်လို့ ဆိုဖွယ်ရာမရှိတဲ့ သဘာဝအလှကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်..။ အိချောပိုက ဗီဒီယိုဇာတ်ကားတွေကနေ နာမည်ကြီးလာခဲ့ပြီး အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ထင်ရှားကျော်ကြားတဲ့ မင်းသမီးတစ်လက်ဖြစ်လို့ နေပြီပဲ ဖြစ်ပါတယ်..။ ပရိသတ်တွေ ကလည်း အိချောပို ရဲ့ အနုပညာ လှုပ်ရှားမှုအားလုံးကို စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်အားပေးနေကြတာပဲ ဖြစ်ပါတယ်..။

ပြည်သူချစ်မင်းသမီးတစ်ယောက်ပီပီ အိချောပိုဟာ လက်ရှိနိုင်ငံရေးမငြိမ်မသက်ရှိနေစဉ်အတွင်းမှာ ပြည်သူ့ဘက်ရပ်တည်နေသူပဲဖြစ်ပါတယ်..။ ဒါပေမယ့် ဒီနေ့မှာတော့ အိချောပိုက တစ်နိုင်ငံလုံးနီးပါး Boycott လုပ်ထားတဲ့ Tik Tok အကောင့်ကို ပြန်သုံးနေကြသူတွေကို “TikTok ကပြန်သုံးနေကြပြီလားဟင်..??? သိပါဘူး ကျမဆိုမသုံးတာ (၁) နှစ်တောင်ကျော်ပြီ 🙄😒 ဒီအကောင့်တစ်ခုပဲ ကျမအကောင့်နော် 😊” ဆိုပြီး မေးခွန်းထုတ်လာခဲ့တာပဲဖြစ်ပါတယ်..။

အိချောပိုလို လူသိများပြီး ပရိသတ်နဲ့အမြဲတမ်းထိတွေ့နိုင်အောင် ကြိုးစားနေရတဲ့ မင်းသမီးတောင် Tik Tok ကို Boycott လုပ်ပြီး မသုံးဖြစ်ပေမယ့် အချို့မင်းသမီးတွေကတော့ Tik Tok ကို ပေါ်ပေါ်ထင်ထင်ပြန်သုံးနေကြတာကို တွေ့ရပါတယ်..။

Credit ; Myanmar Celebrities