ပရိသတ်ကြီးရေ မိုးပြည့်ပြည့်မောင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယို VCD/DVD အခွေတွေ ခေတ်က ထိပ်တန်းမင်းသမီး တစ်လက်အဖြစ်ရပ်တည်ခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး ပရိသတ်အချစ်တော်တစ်ယောက်ပါ။ လက်ရှိမှာတော့ အသက်အရွယ်လည်း ရလာတာနဲ့အမျှ ကောင်းမှုကုသိုလ်တွေကို ပိုမိုလုပ်ကိုင်နေခဲ့ပြီး အနုပညာအလုပ်တွေကိုတော့ အနည်းအကျဉ်းသာလုပ်ကိုင်နေခဲ့ပါတယ်။

မိုးပြည့်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာလေးကိုတော့ ပရိသတ်တွေ ကိုတော့ အဆက်အသွယ်မပျက်အောင် အသုံးပြုပြီး သူ့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကိုလည်း မျှဝေဖော်ပြလေ့ရှိပါတယ်။ ဒီနေ့မှာလည်း မိုးပြည့်ကတော့ သူ့ရဲ့မိခင်ကြီးနဲ့ သူငယ်ချင်းဖြစ်သူ သက်မွန်မြင့် တို့ရဲ့ မွေးနေ့လေးအတွက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “ဒီနေ့လေးဟာကျမဘဝရဲ့အချစ်ဆုံးအမျိုးသမီး နှစ်ယောက်ရဲ့မွေးနေ့လေးပါ-happy birthdayပါမေမေနဲ့အချစ်ဆုံးbffကြီးရေ…

ကျန်းမာပျော်ရွှင်စွာနဲ့လိုရာဆန္ဒတွေပြည့်ဝကြပါစေလို့ဆုတောင်းပေးပါတယ်ရှင်” ဆိုပြီး မွေးနေ့ဆုတောင်းပေးထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ပရိသတ်ကြီးတွေလည်း မိုးပြည့်ရဲ့မေမေနဲ့ ပရိသတ်အချစ်တော် မင်းသမီးချော သက်မွန်မြင့် အတွက်မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

Credit – CeleZone

zawgyi




Credit – CeleZone