အသံပါဝါကောင်းကောင်းနဲ့ ဂီတလောကမှာ အောင်မြင်မှုတွေ ရရှိထားတဲ့ သူကတော့ အဆိုတော် သားငယ်ပဲ ဖြစ်ပါတယ်။ သားငယ်ဟာ Myanmar Idol မှာ ဝင်ရောယှဉ်ပြိုင်ရင်း ဂီတလမ်းမှာ လျှောက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရင်ထဲထိ ရောက်စေတဲ့ သီချင်း Album များလည်း ထွက်ရှိခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်မှုကိုလည်း ရရှိခဲ့ပါတယ်။လက်ရှိမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို တည်ထောင်ထားတဲ့ သားငယ်ဟာ အဆိုတော်မဖြစ်ခင်ကတည်းက လုပ်ကိုင်နေတဲ့ သူ့ရဲ့ အကြေ ာ်ရောင်းတဲ့အလုပ်ကိုသာ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

သားငယ်တို့ဇနီးမောင်နှံဟာဆိုရင် အိမ်ထောင်သက် အတော်ကြာခဲ့ပြီဆိုပေမယ့် သားသမီးရတနာမထွန်းကားသေးတဲ့ အတွက် တစ်ယောက်နဲ့တစ်ယောက်အဖော်ပြုရင်း ဆိုးတူကောင်းဘက်လက်တွဲ ပေါင်းသင်းနေထိုင်နေကြတာလည်းဖြစ်ပါတယ်နော်..။ဒီကနေ့မှာဆိုရင်လည်း သားငယ်က Live လွှင့်နေမှန်းမသိပဲ ဂစ်တာတီးနေတဲ့သူကို အနမ်းလေးလာပေးတဲ့ ဇနီးသည်ကြောင့် ရှက်သွားခဲ့ပုံကို “မိန်းမရာ ………မင်းကွာ 😬…” ဆိုပြီး ဗီဒီယိုလေးနဲ့ တကွ ပြသလာပါတယ်။

သားငယ်က လတ်တလောမှာတော့ အနုပညာအလုပ်တွေ ကိုရပ်နားထားပြီး ဇနီးသည်နဲ့အတူတူ ပြင်ဦးလွင် ၂၁ မိုင်မှာ ပဲစိမ်းကြော်ရောင်းချတဲ့အလုပ်ကိုလည်း လုပ်ကိုင်နေလျက်ရှိပါတယ်။ သားငယ်တို့ ဇနီးမောင်နှံ နှစ်ယောက် အခုလိုပဲ အမြဲထာဝရပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Thar Nge ‘s fb
Credit

zawgyi




Source: Thar Nge ‘s fb
Credit