ပရိသတ်ကြီးရေ Project K အဖွဲ့လေးကတော့ အမိုက်စား ကကွက်တွေနဲ့ နှာခမ်းနီမလေးတွေ ရဲ့အသည်းစွဲအားပေးမှုကိုရရှိထားတာ လည်းဖြစ်ပါတယ်။ဒီနေ့မှာတော့အဖွဲ့ဝင်တွေ နဲ့အသိမိတ်ဆွေတွေ ဆီကနေ project k အဖွဲ့ဝင် Morris က လိမ်သွားကြောင်း ချမ်းမြေ့ဦးကပြောလာတာဖြစ်ပါတယ်။Projects K အဖွဲ့ဝင်ချမ်းမြေ့ဦးကဘယ်သူထင်မှာလဲကိုယ့်သူငယ်ချင်းအရင်းကြီးတစ်ယောက်က ဒီလိုမျိုးလိမ်ပြီး ထွက်ပြေးသွားလိမ့်မယ်ဆိုတာကို၊ထိုင်းကိုရောက်ပြီးနောက်ပိုင်းမှာ မိဘဆီကနေလဲ လက်ဖြန့်မတောင်းချင်လို့ ကျွန်တော့်ကားလေးရောင်းပြီး ကျွန်တော့်ဟာကျွန်တော်အေးအေးချမ်းချမ်းနဲ့အလုပ်လုပ်နေတာပါ ။ တစ်ခုသိစေချင်တာကကျွန်တော်ငွေတိုးချေးစားသူမဟုတ်ပါဘူး ။

ငွေလေးခဏလွှဲပေးထားပါ။မနက်ဖြန်ချက်ချင်း ပြန်ထည့်ပေးပါ့မယ်ဆိုလို့ သူငယ်ချင်းရဲ့ အမျိုးသမီးဖြစ်နေတာကော မိဘတွေလဲ ကောင်းကောင်းမွန်မွန်ထဲကလို့ ထင်ခဲ့မိတဲ့အတွက်ယုံကြည်စွာနဲ့ပဲ ငွေလွှဲပေးလိုက်တာပါ။နောက်ရက်ကျတော့ အကြောင်းပြချက် မျိုးစုံတွေပေးပြီး ငွေပြန်မလွှဲပေးတော့ပါဘူး ။နောက်ရက် သူ့အမေ ( Hnin Inzali ရဲ့မိခင် )ဖုန်းဆက်ပြီး ဆက်လိမ်တယ်။ဟုတ်ပါတယ် ကျွန်တော့်ငွေ သိန်း ၄၀၀ ကျော်အလိမ်ခံလိုက်ရတာပါ

ကျွန်တော်ဒီ post တင်ရခြင်းကကျွန်တော့် ငွေပြန်ရဖို့ထက် စာရင်နောက်လူတွေ ဆက်အလိမ်မခံရအောင်ပါ။ရလိုက်တဲ့ ကတော့ ဘယ်လောက် ကြီးပဲရင်းနီးနေပါစေ၊အလှူအတန်းနဲ့ ဘုရားတရားတွေ နေပါစေ၊ဆွေကြီးမျိုးကြီးထဲ ကဖြစ်နေပါစေ မယုံကြည်ဖို့ပါပဲ ။ခဏတာ လိမ်လို့ ရလိုက်တဲ့ငွေတွေနဲ့ဘယ်လောက်ကြာကြာစားလို့ရမှာလဲ? တစ်သက်တာ လုပ်စားလို့ မရတော့တဲ့ မင်းရဲ့ဘဝခရီး သာယာဖြောင့်ဖြူးပါစေ သူငယ်ချင်း။စာကြွင်း:အဖွဲ့ သားတွေ အားလုံးဆီကငွေတွေပါအလိမ်ခံလိုက်ရတာပါနော် ။ အဲ့ထဲကမှ ကျွန်တော်က အများဆုံး အလိမ်ခံလိုက် ရတာပါဆိုပြီးပြောလာတာဖြစ်ပါတယ်။လက်ရှိ မှာတော့ Morris ကို Project K အဖွဲ့ကနေ ထုတ်လိုက်ပြီလို့ လည်းသိရပါတယ်။

Credit

zawgyi

ပရိသတ္ႀကီးေရ Project K အဖြဲ႕ေလးကေတာ့ အမိုက္စား ကကြက္ေတြနဲ႔ ႏွာခမ္းနီမေလးေတြ ရဲ့အသည္းစြဲအားေပးမႈကိုရရွိထားတာ လည္းျဖစ္ပါတယ္။ဒီေန႔မွာေတာ့အဖြဲ႕ဝင္ေတြ နဲ႔အသိမိတ္ေဆြေတြ ဆီကေန project k အဖြဲ႕ဝင္ Morris က လိမ္သြားေၾကာင္း ခ်မ္းေျမ့ဦးကေျပာလာတာျဖစ္ပါတယ္။Projects K အဖြဲ႕ဝင္ခ်မ္းေျမ့ဦးကဘယ္သူထင္မွာလဲကိုယ့္သူငယ္ခ်င္းအရင္းႀကီးတစ္ေယာက္က ဒီလိုမ်ိဳးလိမ္ၿပီး ထြက္ေျပးသြားလိမ့္မယ္ဆိုတာကို၊ထိုင္းကိုေရာက္ၿပီးေနာက္ပိုင္းမွာ မိဘဆီကေနလဲ လက္ျဖန႔္မေတာင္းခ်င္လို႔ ကၽြန္ေတာ့္ကားေလးေရာင္းၿပီး ကၽြန္ေတာ့္ဟာကၽြန္ေတာ္ေအးေအးခ်မ္းခ်မ္းနဲ႔အလုပ္လုပ္ေနတာပါ ။ တစ္ခုသိေစခ်င္တာကကၽြန္ေတာ္ေငြတိုးေခ်းစားသူမဟုတ္ပါဘူး ။

ေငြေလးခဏလႊဲေပးထားပါ။မနက္ျဖန္ခ်က္ခ်င္း ျပန္ထည့္ေပးပါ့မယ္ဆိုလို႔ သူငယ္ခ်င္းရဲ့ အမ်ိဳးသမီးျဖစ္ေနတာေကာ မိဘေတြလဲ ေကာင္းေကာင္းမြန္မြန္ထဲကလို႔ ထင္ခဲ့မိတဲ့အတြက္ယုံၾကည္စြာနဲ႔ပဲ ေငြလႊဲေပးလိုက္တာပါ။ေနာက္ရက္က်ေတာ့ အေၾကာင္းျပခ်က္ မ်ိဳးစုံေတြေပးၿပီး ေငြျပန္မလႊဲေပးေတာ့ပါဘူး ။ေနာက္ရက္ သူ႔အေမ ( Hnin Inzali ရဲ့မိခင္ )ဖုန္းဆက္ၿပီး ဆက္လိမ္တယ္။ဟုတ္ပါတယ္ ကၽြန္ေတာ့္ေငြ သိန္း ၄၀၀ ေက်ာ္အလိမ္ခံလိုက္ရတာပါ

ကၽြန္ေတာ္ဒီ post တင္ရျခင္းကကၽြန္ေတာ့္ ေငြျပန္ရဖို႔ထက္ စာရင္ေနာက္လူေတြ ဆက္အလိမ္မခံရေအာင္ပါ။ရလိုက္တဲ့ ကေတာ့ ဘယ္ေလာက္ ႀကီးပဲရင္းနီးေနပါေစ၊အလႉအတန္းနဲ႔ ဘုရားတရားေတြ ေနပါေစ၊ေဆြႀကီးမ်ိဳးႀကီးထဲ ကျဖစ္ေနပါေစ မယုံၾကည္ဖို႔ပါပဲ ။ခဏတာ လိမ္လို႔ ရလိုက္တဲ့ေငြေတြနဲ႔ဘယ္ေလာက္ၾကာၾကာစားလို႔ရမွာလဲ? တစ္သက္တာ လုပ္စားလို႔ မရေတာ့တဲ့ မင္းရဲ့ဘဝခရီး သာယာေျဖာင့္ျဖဴးပါေစ သူငယ္ခ်င္း။စာႂကြင္း:အဖြဲ႕ သားေတြ အားလုံးဆီကေငြေတြပါအလိမ္ခံလိုက္ရတာပါေနာ္ ။ အဲ့ထဲကမွ ကၽြန္ေတာ္က အမ်ားဆုံး အလိမ္ခံလိုက္ ရတာပါဆိုၿပီးေျပာလာတာျဖစ္ပါတယ္။လက္ရွိ မွာေတာ့ Morris ကို Project K အဖြဲ႕ကေန ထုတ္လိုက္ၿပီလို႔ လည္းသိရပါတယ္။

Credit