ဂီတလောကမှာ သီချင်းကောင်းလေး တွေ နဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိ လာတဲ့သူကတော့ အဆိုတော် စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ သူမကတော့ ရုပ်ရှင်လောကတွင် နေရာတစ်နေရာ ရရှိထားရုံသာမက ဂီတလောက မှာပါအောင်မြင်မှုတွေ ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေး ကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက်ကိုလည်း အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်နေတာ ဖြစ်ပါတယ်။ ထရက်ရှာ လေးက အသက် ငယ်သေးပေမယ့်လည်း မေမေနဲ့ အတူ ကြော်ငြာများမှာပါ ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။

သမီးလေးရဲ့လှုပ်ရှားမှုတွေတိုင်းကိုလည်း ဒီးဒီတို့ ဇနီးမောင်နှံက ဗီဒီယိုနဲ့ ဓာတ်ပုံတွေ အမြဲမှတ်တမ်းတင် ရိုက်ပေးထားကြတာ ဖြစ်ပါတယ်။ အခုလည်း သမီးလေးရဲ့ (၃) နှစ်ပြည့်မွေးနေ့လေးမှာ မိသားစု အမှတ်တရ အနေနဲ့ အမိုက်စားပုံလေးတွေ ဖန်တီးရိုက်ကူးကာ ဝေမျှလာပါတယ် ။ ပုံတွေနဲ့အတူ ” Treasure ၃နှစ်ပြည့်မိသားစုအမှတ်တစ်ရပုံရိုက်ကြတယ် Happy birthday to our princess 🤍🤍🤍” ဆိုတဲ့ စာလေးကိုလည်း ရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Credit – Cele Zone
Photo – Sandy Myint Lwin

zawgyi




Credit – Cele Zone
Photo – Sandy Myint Lwin